Online ဗေဒင်နှုန်းထားများ …


မိတ်ဆွေ … Onlineကနေ ဟောပြောမှုအတွက် အောက်ပါစည်းကမ်းချက်တွေသတ်မှတ်ထားတာမို့ ကျနော်နဲ့တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင် သေသေချာချာလေးဖတ်ထားပေးဖို့လိုပါလိမ့်မယ်ခင်ဗျာ … 

( ၁ ) သက်ဆိုင်ရာ ပြဿနာအလိုက် ဉာဏ်ပူဇော်ခနှုန်း ထားသတ်မှတ်ချက်တွေရှိပါတယ်။



ပုံမမြင်ရရင် နှိပ်ကြည့်ပါ။

အထက်သတ်မှတ်ချက်တွေဟာ ၁နာရီအတွင်း တိုင်ပင်မှုဖြစ်ပြီး အချိန် ၁ နာရီကျော်လွန်ပါက တစ်မိနစ်လျှင် $1.99 နှုန်းထပ်မံကျသင့်မှာဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲတိုင်ပင်တိုင်ပင် လိုရင်းကို တိုင်ပင်တတ်ဖို့ လိုအပ်ပါမယ်။ ဉာဏ်ပူဇော်ခနှုန်းတွေဟာ လတ်တလောသတ်မှတ်ချက်တွေသာဖြစ် ပြီး အချိန်မရွေးပြောင်းလဲသွားနိုင်ပါတယ်။ AU$ တန်ဖိုးဖြစ်ပါတယ်။ မိမိတို့သက်ဆိုင်ရာ နိုင်ငံရဲ့ ပေါက်စျေးနဲ့ ပေးချေရမှာဖြစ်ပါတယ်။

( ၂ ) Appointment ( ရက်ချိန်း ) ယူရပါမယ်။ သတ်မှတ်အချိန်ထက် ၁၅ မိနစ်နောက်ကျပါက ကျနော့်ဘက်က စောင့်ပေးတော့မှာမဟုတ်ပါဘူး။ နောက်ထပ် Appointment အသစ်တစ်ခု ထပ်မံ ရယူနိုင်ပါတယ်။

( ၃ ) သက်ဆိုင်ရာဉာဏ်ပူဇော်ခကို Appointment ရက်မရောက်မီ သတ်မှတ်ဘဏ်အကောင့် ( သို့ ) Paypal ကနေတဆင့် ကြိုတင်ငွေလွှဲပေးရပါမယ်။ လွှဲပြီးကြောင်း အထောက်အထား ဖော်ပြ ပေးရပါမယ်။

မှတ်ချက်။    ။ Paypal မှ ငွေချေပါက Transaction Fee အဖြစ် မူလ Online နှုန်းထားတွင် သက်ဆိုင်ရာ Fees ထပ်မံပေးဆောင်ရပါမည်။

( ၄ ) Appointment ယူထားခြင်းမဟုတ်ပဲ ဟောချိန်ပြင်ပတွင် ဖုန်းခေါ်ဆိုခြင်းများအတွက် ဖုန်းမကိုင် ဖြစ်လျှင် နားလည်ပေးပါ။ စာချန်ခဲ့လို့ရပါတယ်။ ဖုန်းနံပါတ်ချန်ထားခဲ့စရာမလိုပါဘူး။ ဖုန်းပြန်ခေါ် မည်မဟုတ်ပါ။

( ၅ ) Online ဆွေးနွေးခြင်းအတွက် နိုင်ငံရပ်ခြားရောက်နေသူများ ဖုန်း Bill အကုန်အကျ သက်သာလို ပါက +61 470 567 663 ကို Viber ကနေဖြစ်စေ၊ WhatsApp ကနေဖြစ်စေ ဖုန်းခေါ်ဆိုနိုင်ပါတယ်။

( ၆ ) တိုင်ပင်ဆွေးနွေးမှုများအတွက် လိုအပ်သမျှသော ယတြာ၊ အစီရင်အားလုံး အခမဲ့ပေးပါမည်။ ယတြာ၊ အစီရင်အတွက် ထပ်မံအခကြေးငွေပေးထပ်မံပေးဆောင်စရာ မလိုအပ်ပါ။ သို့ရာတွင် ကျနော့်အား  ကိုယ်တိုင်လုပ်ဆောင်ပေးဖို့ အကူအညီတောင်းဆိုပါက သတ်မှတ်ထားတဲ့ ဝန်ဆောင်ခ ကို ထပ်မံပေးချေရပါမယ်။

မိတ်ဆွေရဲ့ အခက်အခဲ၊ ပြဿနာတွေဟာ အရေးကြီးမှန်း ကျနော်နားလည်ပါတယ်။ မိတ်ဆွေလိုပဲ အခက်အခဲ၊ ပြဿနာရှိနေကြတဲ့ လူပေါင်းများစွာကိုလည်း အချိန်ပေးထားရတဲ့အတွက် ကျနော့်ကို လည်း နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။  တန်ဖိုးရှိတဲ့ အချိန်ကို အသုံးချတတ်ပါစေ။

                                                                                                      

သုတဆန်း  ( Astrological Advisor )