ယုံကြည်မယ်ဆိုရင် လုပ်ပါ။
ဖြစ်ဖူးကြမှာပါ။ ရင်ထဲမှာ ပြောချင်တာတွေတအားများပြီး ပြည့်ကျပ်နေတာပဲ … ဒါပေမယ့် ရင်ဖွင့်လို့ကလည်း မဖြစ်၊ ရင်ထဲမှာ မျိုသိပ်ထားရလွန်းလို့ ပေါက်ကွဲချင် စိတ်ပါပေါက်နေပြီ။ ဒါပေမယ့် လက်တွေ့မှာတော့ ပေါက်ကွဲလို့ကလည်း မဖြစ်နိုင်။ ထုတ်ပြောလို့ကလည်းမရ။ ဘေးကျပ်နံကျပ်နဲ့ ဖြေရှင်းရခက်ခဲပြီး စိတ်ရှုပ်လွန်းလို့ သတ်သေချင်စိတ်ပါပေါက်ကုန်တာမျိုးတွေပေါ့… ဒီလိုပြဿနာတွေ ဟာ ကြာရှည်ထိန်းသိမ်းထားလို့ ကောင်းတဲ့အရာမျိုးမဟုတ်ပါဘူး။ ကြာရင် မိမိရဲ့စိတ်အခြေအနေဟာ Depression ဘက်ကိုပါရောက်သွားပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ ဖြေရှင်းလို့ရတဲ့နည်းလမ်းအမျိုး မျိုးရှိပါတယ်။ သိပ္ပံနည်းကျဖြေရှင်းနည်းတွေရော၊ ဝိဇ္ဇာနည်းကျဖြေရှင်းနည်းတွေရော စုံလို့ပါပဲ … ဒါပေမယ့် ကျနော်က ဂမ္ဘီရပညာရပ်တွေကိုလိုက်စားထားတော့ ဂမ္ဘီရအလိုအရ ဖြေရှင်းနည်းကိုပဲ ပြောပြ ပါတော့မယ်။ အရမ်းလွယ်ပါတယ်။ လွယ်တယ်ဆိုပြီး ပေါ့ပေါ့တန်တန်တော့မထားပါနဲ့ဗျာ … အလကား ပေးလို့ အလကားပညာအဖြစ်မခံချင်ပါဘူး။ ဒါပေမယ့် ဒီနည်းလမ်းဟာ လူတိုင်းအတွက် အသုံးကျမှာမို့ မျှဝေပေးလိုက်ပါတယ်။ တချိန်က ကျနော်ကိုယ်တိုင် အခက်အခဲ၊ အကျပ်အတည်းပေါင်းများစွာ ရှိခဲ့ဖူးပါ တယ်။ ဒါပေမယ့် ဒီလိုနည်းလမ်းတွေနဲ့ပဲ အလျဉ်းသင့်သလို ဖြတ်ကျော်ခဲ့ရပါတယ်။ အဲဒီနည်းလမ်းတွေ ထဲမှာ ဒီနည်းကလည်း ကျနော် မကြာခဏ လုပ်ဖြစ်တဲ့နည်းတစ်ခုပေါ့ …
မနက်အိပ်ရာက ထထခြင်း၊ မိမိနှာခေါင်းပေါက်နှစ်ဘက်ရဲ့ ဝင်လေထွက်လေ အခြေအနေကို စမ်းသပ် ကြည့်ပါ။ ဝင်လေထွက်လေဟာ ပြိုင်တူထွက်ခဲပြီး တဖက်ဖက်က ခပ်ကြမ်းကြမ်းလေး ဖြစ်ပေါ်နေတာကို ခံစားသိရှိနိုင်ပါတယ်။ စမ်းသပ်တဲ့အခါ လက်ခုံနဲ့စမ်းသပ်ပါက ပိုပြီး ထိရောက်ပါတယ်။ ဝင်လေထွက်လေ များတဲ့ဘက်အခြမ်းက လက်နဲ့ ဘီးတစ်ချောင်းကို ကိုင်ပါ။ ( ဘီးဆိုတာ ခေါင်းဖီးတဲ့ ဘီးကို ပြောတာပါ။ )
ပြီးရင် သရဏဂုံ ( ၃ ) ပါးကို တတိယမ္ပိအထိကို တစ်ခေါက်နှုန်းသတ်မှတ်ပြီး ( ၃ ) ခေါက် ဘီးကို ရွတ်မန်းပါ။ ပြီးရင် အဲဒီဘီးနဲ့ပဲ … ခေါင်းကိုဖီးရင်း …
ဥုံ ဗုဒ္ဓံ ရှဲ
ဥုံ ဓမ္မံ ရှဲ
ဥုံ သံဃံ ရှဲ
လို့ တစ်ခေါက်စီရွတ်ရင်း ( ၃ ) ကြိမ်ခေါင်းကို ဖီးချပါ။ ခေါင်းက ဆံပင်တွေရှုပ်နေတာကို ဖီးချလိုက်တဲ့ နိမိတ်ဟာ ခေါင်းရှုပ်နေသမျှကို ဖြေရှင်းလိုက်တဲ့ နိမိတ်ပါ။ ဒီလိုပဲ … သရဏဂုံဆိုတဲ့ ပန်းသုံးပွင့်ကို ခေါင်းမှာ ပန်ဆင်လိုက်ပါပြီ။ မကောင်းတဲ့ အရာရာတွေကိုလည်း ရတနာသုံးပါးရဲ့ ဂုဏ်နဲ့ ( ရှဲသွားအောင် ) ဖယ်ရှားလိုက်ပါပြီ။ အဲဒီအလိုတွေပြည့်၀စေဖို့ ဝင်လေထွက်လေသဘောနဲ့လည်း အတည်ပြုခဲ့ပါပြီ။ ကဲ … မိတ်ဆွေ … ဘာစဉ်းစားနေတာလဲ … ဟုတ်မှဟုတ်ပါ့မလားလို့ သံသယဝင်နေတာလား။ သံသယဝင် နေမယ့်အစား လက်တွေ့စမ်းကြည့်ပါလားဗျာ … မိတ်ဆွေအတွက် အချိန်အများကြီးလည်းမကုန်၊ ငွေအများကြီးလည်းမကုန်တဲ့ ဒီလိုနည်းလမ်းလေးကိုမှ မိတ်ဆွေကြီးက စဉ်းစားနေရတယ်ဆိုရင် မဟုတ်သေးပါဘူး။ ကြာနေပြီဗျာ … တွေးမနေနဲ့ … တွေဝေမနေနဲ့… မနက်မိုးလင်းတာနဲ့ လုပ်ပေတော့ဗျာ …
0 Comments
Post a Comment