၂၀၀၉ ခုနှစ်လောက်က ကျနော်ရေးခဲ့တဲ့ App ကို ဒီလင့်ခ်မှာ ဒေါင်းယူနိုင်ပါတယ်။ ကျနော့်အနေနဲ့ ကြိုးစားပမ်းစားလုပ်ခဲ့တယ်ဆိုပေမယ့်လည်း Program မရေးတတ်ရေးတတ်လေးနဲ့ လုပ်ပေးခဲ့ရတာဆိုတော့ ဆော့ဝဲပိုင်းမှာ Error တော်တော်များများပါဝင်သွားပါတယ်။
ဥပမာအားဖြင့် ….
27.1.1985 9:10 am ကို တွက်ကြည့်ပါ။ NaN ဆိုတဲ့ အဖြေတွေထွက်လာပါမယ်။ တကယ်တော့ ဒါတွေက ပြန်ပြင်လို့ရပါတယ်။ ကျနော်အချိန်မပေးနိုင်တာနဲ့ တော်တော်နဲ့ မပြင်ပေးနိုင် ခဲ့ပါဘူး။ ထားပါတော့ … အဲဒီ စန်းယှဉ်နက္ခတ်တွက်ရိုးကို ကျနော် အားလုံးပြင်ဆင်ပြီး အသစ်ပြန်ရေး ထားပါတယ်။ ခု အသစ်ရေးထားတဲ့ ဆော့ဝဲပိုင်းမှာ ….
နက္ခတ်တွက်ရိုးပိုင်းကို
Oliver Montenbruck ရဲ့ Practical Ephemeris Calculations
NASA မှ Technical Note
Jean Meeus ရဲ့ Astronomical Algorithms ( Second Edition )
1861 ခုနှစ်က ထုတ်ဝေထားတဲ့ Surya Siddhanta and Siddhanta
Siromani ဆိုတဲ့ စာအုပ်တွေအရ ညှိနှိုင်းတွက်ချက်ပြီး ကိုယ်ပိုင် Formula တွေနဲ့ ပြန်လည်ပြင်ဆင်ပြီးရေးသားထားပါတယ်။
အကောင်းဆုံးပြန်လည်ကြိုးစားပြီးရေးထားတယ်ဆိုပေမယ့်လည်း အားလုံးမှန်ကန်ရမယ်လို့တော့
အာမမခံနိုင်သေးပါဘူး။ တစုံတရာအမှားအယွင်းရှိရင် ကျနော့်ဆီ ဆက်သွယ်ပြီး သတင်းပို့နိုင်ပါတယ်။
အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးပါမယ်။
ဆော့ဝဲဒေါင်းယူရန် ...
1 Comments
ဆရာခင်ဗျ
ReplyDeleteမွေးနေ့ မွေးချိန် Time zoneထည့်လိုက်ပြီး
၂လာဂြိုလ်နေ ဒီဂရီရတဲ့အထိ
တွက်နည်းကို သင်ပြပေးပါလားခင်ဗျာ
Youtubeမှာ videoဖြစ်ဖြစ်တင်ပေးပါလား
တကယ်လို့မအားတဲ့အဆုံးလေ့လာလို့ရမယ့်နေရာလေးညွှန်ပြပေးပါ
လေးစားစွာဖြင့်
Post a Comment