မဟာယာနဗုဒ္ဓဘာသာမှာ မဟာကရုဏာမန္တန်ဆိုပြီး ထင်ရှားနေတဲ့ Great Compassion Mantra ( Dàbēi Zhòu** (大悲咒) ) ဟာ တရုတ်နဲ့ တိဗက်ရဲ့ ထုံးတမ်းစဉ်လာရဲ့ ကျင့်စဉ်တစ်ခုလည်းဖြစ်ပါတယ်။

အ၀လောကိတိဿ၀ရ (Avalokiteshvara) ကွမ်ရင်ဘုရားလောင်း (Guanyin Bodhisattva) အားရည်စူးပြီး ရွတ်ဆိုပူဇော်ကြတဲ့ မန္တန်တစ်ခုလည်းဖြစ်ပါတယ်။ ဒီမန္တန်ကို ရွတ်ဆိုပူဇော်ကြတဲ့ သူတွေဟာ အောက်ပါအတိုင်း ကောင်းကျိုးများကြတယ်လို့လည်း ယုံကြည်ကြပါတယ်။


✅ ကရုဏာပွားများလာခြင်း ✅ 

ဒီမန္တန်ဟာ ရွတ်ဆိုတာကြာလာတာနဲ့အမျှ အတွင်းစိတ်ကို ထူးထူးခြားခြားပြောင်းလဲလာစေပါတယ်။ ကိုယ်ချင်းစာတရားကြီးထွားလာခြင်း၊ စိတ်ထားကောင်းလာခြင်း၊ တကိုယ်ကောင်းစိတ်များလျော့ပါးသွားခြင်း၊ သတ္တဝါတို့အပေါ် ကြင်နာသနားတတ်လာခြင်း၊ ချစ်ခြင်းမေတ္တာစိတ်တိုးပွားလာခြင်း၊ 

ဒေါသစိတ်များပျောက်ကွယ်သွားခြင်း၊ စိတ်ဆင်းရဲမှုဒုက္ခအပေါင်းမှ ကင်းဝေးသွားခြင်း စတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။


✅ မကောင်းသောကံကို ချေဖျက်နိုင်ခြင်း ✅

ဒီမန္တန်ကို ရွတ်ပါများလာတဲ့အခါ မိမိမှာရှိတဲ့ မကောင်းတဲ့ကံတွေကို သန့်စင်ပေးနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးပါတယ်။ လူတစ်ဦးအတွက် အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် မကောင်းကျိုးမှန်သမျှကိုလည်း တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။


✅ ကာကွယ်ခြင်းနှင့်ကုသခြင်း ✅ 

ဒီမန္တန်ဟာ ပြင်ပကိုယ်ခန္ဓာကိုသာမက အတွင်းစိတ်ကိုပါ ကာကွယ်ခြင်း၊ ကုစားနိုင်ခြင်းဆိုတဲ့ စွမ်းအင်တွေနဲ့ ပြည့်စုံနေတယ်လို့ ယုံကြည်ကြပါတယ်။ ခန္ဓာကိုယ်ရဲ့ ရောဂါဝေဒနာများကိုပါ သက်သာပျောက်ကင်းအောင် စွမ်းဆောင်ပေးရုံမက စိတ်ဝေဒနာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကိုပါ ကောင်းစွာ ကုစား၊ ကာကွယ်ပေးနိုင်ပါတယ်။

ကျရောက်လာမယ့် ဘေးဒဏ်၊ ရန်မာန်အပေါင်းကိုလည်း မကျရောက်အောင် ကာကွယ်ပေးနိုင်တဲ့ အစွမ်းလည်းရှိပါတယ်။ မြင်ရတဲ့အရာ၊ မမြင်ရတဲ့ အရာတွေကနေ ကျရောက်လာမယ့် ဘယ်လို ဘေးဆိုး၊ ရန်ဆိုးမျိုးကိုမဆို ကောင်းစွာ ဟန့်တား၊ ကာကွယ်ပေးနိုင်တယ်လို့လည်း ဆိုထားပါတယ်။


✅ စိတ်အာရုံကို ထိန်းညှိပေးခြင်း ✅

ဒီမန္တန်နဲ့ ကျင့်စဉ်တွေကို ပြုလုပ်တဲ့အခါ မိမိရဲ့ အတွင်းစိတ်ကို ကောင်းစွာ ထိန်းညှိပေးနိုင်ပါတယ်။ စိတ်ကို ပိုမိုရှင်းလင်းလာစေပြီး၊ အတွေးနဲ့ စိတ်ကူးတွေကိုလည်း ကောင်းကောင်းထိန်းချုပ်ပေးနိုင်ပါတယ်။


✅ မိမိသာမက တခြားသူများကိုပါ အကျိုးပေးတတ်ခြင်း ✅

ဒီမန္တန်ကို ရွတ်ဆိုသူသာမဟုတ် ရွတ်သံကို ကြားရသူအပေါင်းကပါ ထူးခြားတဲ့ ကောင်းကျိုးတွေကို ရရှိခံစားနိုင်စေတယ်လို့လည်း ဆိုထားပါတယ်။ ကြားရသူအပေါင်းကို ကံကောင်းစေခြင်း၊ တိုးတက်ကြီးပွားစေခြင်း၊ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း စတဲ့ ကောင်းကျိုးတွေကို ပေးစွမ်းနိုင်ပါတယ်။


✅ ဉာဏ်အလင်းကို ရရှိစေခြင်း ✅

ဒီမန္တန်ဟာ စိတ်အလင်းကို ရရှိစေတဲ့စွမ်းအင်ကြောင့် ကျင့်ကြံသူအပေါင်းဟာ ထူးမြတ်တဲ့ဉာဏ်ပညာ၊ လောကုတ္တရာဉာဏ်ပညာတွေကိုပါ ရရှိနိုင်တယ်လို့ဆိုပါတယ်။


မဟာယာနဗုဒ္ဓဘာသာမန္တန်ဖြစ်ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်တွေနဲ့တော့ မဆိုင်ပါဘူး။ ဒါပေမယ့်လည်း ကောင်းတဲ့အလုပ်တစ်ခုဟာ ကောင်းတဲ့ အကျိုးတစ်ခုကိုတော့ ဖြစ်လာစေမှာ အမှန်ပါပဲ။ ဒါကြောင့် ဒီမှာတော့ ဘာသာရေးအယူဝါဒအဖြစ် ရေးသားခြင်းမဟုတ်ပဲ ... လောကီဂမ္ဘီရပညာအမြင်အရ ...

ကောင်းသောအရာသည် ကောင်းသောအကျိုးကို ပေးစွမ်းနိုင်လိမ့်မည် ဟူသော ဥပဒေသအရ သာ ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ဒီမန္တန်ကို ရွတ်ဆိုမှမဟုတ်ပါဘူး။ သူများရွတ်တာကို နားထောင်ပေးရုံနဲ့တင် ကျက်သရေ၊ မင်္ဂလာရှိပြီး စိတ်ကို အေးချမ်းလာစေမှာကတော့ အသေအချာပဲဖြစ်လို့ အောက်မှာ မန္တန်နဲ့တကွ mp3 အသံဖိုင်လေးကိုပါ။ တင်ပေးလိုက်ရပါတယ်။


✅ မဟာကရုဏာမန္တန် ✅

Namo Ratna Trayaya,

Namo Arya Jnana

Sagara, Vairochana,

Byuhara Jara Tathagataya,

Arahate , Samyaksam Buddhaya,

Namo Sarwa Tathagate Bhyay,

Arhata Bhyah,

Samyaksam Buddhe Bhyah,

Namo Arya Avalokite

shoraya Bodhisattvaya,

Maha Sattvaya,

Maha Karunikaya,

Tadyata , Om Dara Dara,

Diri Diri, Duru Duru

Itte We, Itte Chale Chale,

Purachale Purachale,

Kusume Kusuma Wa Re,

Ili Milli, Chiti Jvalam, Apanaye Shoha.


✅ mp3 အဖြစ်နားထောင်ရန် ✅