လူတစ်ယောက်ရဲ့နာမည်၊ အထူးသဖြင့် မိမိမွေးထားတဲ့ ကလေးငယ်တစ်ယောက်ရဲ့ နာမည်ကောင်းမကောင်းကို ဗေဒင်စွယ်စုံပရိုဂရမ်အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။ 

ဒီလိုစစ်ဆေးဖို့အတွက် ဘာမှ ထူးထူးခြားခြားလုပ်နေစရာမလိုပါဘူး။ 

အောက်မှာပြထားတဲ့အတိုင်း ... နာမည်ထည့်သွင်းရန်ဆိုတဲ့ အကွက်လေးထဲမှာ မိမိစစ်ဆေးကြည့်ချင်တဲ့နာမည်ကို မြန်မာလိုထည့်သွင်းပြီး အောက်မှာရှိတဲ့ ( တွက်ရန် ) ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ။


ဒါဆိုရင် အောက်ပါအတိုင်း ပရိုဂရမ်ကနေ အလိုအလျောက်စစ်ဆေးတွက်ချက်ပေးပါလိမ့်မယ်။

✅ မိတ်ဆွေထည့်သွင်းလိုက်တဲ့ နာမည်ကို ထိပ်ဆုံးမှာ ပြန်ပြပေးထားပါတယ်။ အဲဒီနာမည်ဟုတ်မဟုတ် ပြန်စစ်လို့ရတာပေါ့။ 


✅ ပြီးတော့ အဲဒီနာမည်ထဲမှာ အသုံးပြုထားတဲ့ ဗျည်းတွေကို ပရိုဂရမ်က စစ်ဆေးနိုင်ဖို့ သီးသန့်ခွဲထုတ်လိုက်ပါတယ်။ ဥပမာ ကျနော့်နာမည်အရဆိုရင် ( သ၊ တ၊ ဆ၊ န ) တွေဟာ ဗျည်းတွေဖြစ်ပါတယ်။


✅ ဒီလို ဗျည်းတွေကို ခွဲထုတ်ပြီးမှ အဲဒီ ဗျည်းတွေကို အသေးစိတ်စစ်ဆေးပါတယ်။ အဲဒါတွေကိုတော့ ပုံထဲမှာပဲ ဖတ်ကြည့်ပါ။ အထူးရှင်းမပြတော့ပါဘူး။ အဲဒီထဲမှာ သတိပြုရမှာတစ်ခုက နာမည်ရဲ့ အစလုံးဟာ ဘယ်အသားအရောင်ကို ကိုယ်စားပြုနေသလဲဆိုတာပါပဲ။ 

ကျနော့်နာမည်အရတော့ ... ( သ ) ဟာ အသားအရောင် ( ဝါ ) တာကို နှစ်သက်ကြောင်း ပြထားပါတယ်။ ဒီအချက်က အဲဒီနာမည်ရှင်ဟာ အသားဖြူရင်ဖြူ၊ မဖြူရင် အသားဝါနေမှသာ ဒီနာမည်နဲ့ ကိုက်ညီမှာဖြစ်ပါတယ်။ ဒါကို ဆန်းပညာအရ ၀ဏ္ဏစစ်ဆေးခြင်းလို့ခေါ်ပါတယ်။

ဒီနည်းလမ်းကို ဆန်းကျမ်းတွက်ရိုးထဲမှာ ပိုပြီး အသေးစိတ်တွက်ချက်ပေးထားပါတယ်။


✅ နောက်တဆင့်မှာတော့ နာမည်ထဲမှာအသုံးပြုထားတဲ့ သရတွေကို ပရိုဂရမ်က စစ်ဆေးဖို့အတွက် သီးသန့်ခွဲထုတ်လိုက်ပါတယ်။


✅ ပြီးနောက် အဲဒီ သရတွေကို ဆန်းကျမ်းဗေဒင်ပညာအရ သရစွမ်းအင်တွေနဲ့ ဗျည်းစွမ်းအင်တွေသုံးပြီး နာမည်ဖွဲ့စည်းမှုအရ အဲဒီနာမည်ရဲ့ အကျိုးအပြစ်တွေကို ဟောချက်အဖြစ်ထုတ်ထားပါတယ်။

ကျနော့်နာမည်အရ ... 

ဘ၀ကို တိုးတက်မြင့်မားစေတယ်ဆိုတော့ ကောင်းတဲ့နာမည်တစ်ခုလို့ ဆိုရမှာပါ။ အိမ်ထောင်ဆက်များတတ်သည်ဆိုတာကတော့ သတိထားရမယ့်သဘောပေါ့ဗျာ။ အနေအထိုင်မဆင်ခြင်ရင် ဒီနာမည်က အိမ်ထောင်ဆက်တွေများသွားမယ်ဆိုပြီး သတိပေးထားတာဖြစ်ပါတယ်။

ကပ်တီးကပ်ဖဲ့လုပ်တတ်သည် ဆိုတဲ့အချက်ကတော့ မှန်တယ်လို့ပြောရမှာပါ။ ကျနော်က တခါတခါ သူများနဲ့ အမြင်မတူ၊ ဉာဏ်မတူတတ်သလို၊ ကပ်တီးကပ်ဖဲ့တွေလည်း လုပ်လိုက်ရမှ ကျေနပ်တတ်သူတစ်ယောက်ဖြစ်နေပါတယ်။ 


အသုံးချတတ်ရင်တော့ ရွှေပေါ့ဗျာ။ အသုံးမချတတ်ရင်တော့ ကျနော့်ကို မေးပေါ့။ ပြောပြပါမယ်။

ဗေဒင်စွယ်စုံကို အသုံးပြုချင်ရင် အောက်က လင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။

ဗေဒင်စွယ်စုံ