ဗေဒင်စွယ်စုံအသုံးပြုကြတဲ့ မိတ်ဆွေတွေထဲမှာ ဗေဒင်ပညာအကြောင်း လုံး၀မသိတဲ့သူတွေလည်း ပါချင်ပါနိုင်ပါတယ်။ ဒီလိုပါလာတဲ့အခါ ကိုယ့်ရဲ့ နေ့စဉ်ကံဇာတာလမ်းညွှန်ချက်တွေကို ကိုယ်တိုင်ကိုယ်ကျ တွက်ချက်ပြီး ဖတ်ရှုနိုင်ဖို့အတွက် အထူးစနစ်တစ်ခုကိုလည်း ပံ့ပိုးပေးထားပါတယ်။

ဒီနည်းလမ်းအရ မိတ်ဆွေရဲ့ မွေးသက္ကရာဇ်တွေကို အသုံးချပြီး ကိုယ်ပိုင်ကံအရ နေ့စဉ်ကံဇာတာဟောချက်တွေကို ဖတ်ရှုနိုင်ပါတယ်။

အောက်မှာပြထားတဲ့အတိုင်း ... 

✅ တွက်လိုသူအမည်ဆိုတဲ့ နေရာမှာ မိတ်ဆွေက တွက်ချင်တာ၊ သိချင်တာမျိုးဆို မိတ်ဆွေရဲ့နာမည်ကို ထည့်လိုက်ပေါ့။ ဒီနေရာကတော့ သိပ်အရေးမကြီးပါဘူး။ တွက်ချက်မှုထဲမှာ ထည့်မသုံးထားပါဘူး။ ကြိုက်သလိုထည့်လို့ရပါတယ်။

✅ အောက်က အကွက်သုံးကွက်ကတော့ အရေးကြီးပါတယ်။ မိတ်ဆွေရဲ့ မွေးရက်၊ မွေးလ၊ မွေးနှစ်တွေကို မှန်မှန်ကန်ကန်ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ဒါမှ မိတ်ဆွေရဲ့ ကံတရားကို သူက ဆက်လက်တွက်ချက်မှာ မို့လို့ပါ။

✅ အဲဒီအောက်က အကွက်သုံးကွက်ကတော့ မိတ်ဆွေရဲ့ မွေးချိန်ဖြစ်တဲ့ နာရီ၊ မိနစ်၊ စက္ကန့်တွေကို ရွေးချယ်ပေးဖို့ဖြစ်ပါတယ်။ မွေးချိန်မမှတ်မိရင်တော့ ဒီအတိုင်းထားခဲ့ပေါ့ဗျာ။ သိရင်တော့ တွက်ချက်မှုတွေက ပိုပြီး တိကျလာစေမှာပေါ့။

✅ အောက်မှာ မွေးရပ်ဇာတိနဲ့ ကျားမ ဆိုပြီး​ရွေးချယ်ခိုင်းထားပါတယ်။ ဒါတွေကလည်း တွက်ချက်ရာမှာ လိုအပ်လို့ ထည့်ပေးထားတာပါ။ တကယ်လို့ အတိအကျတွေ မမှတ်ထားမိရင် ဒီအတိုင်းထားခဲ့လည်း ရပါတယ်။ 

✅ အားလုံးပြီးရင်တော့ ( တွက်ရန် ) ဆိုတဲ့ ခလုတ်လေးကို နှိပ်ပေးလိုက်ရုံပါပဲ။

ဒါကတော့ တွက်ချက်မှုတွေရဲ့ မြင်ကွင်းဖြစ်ပါတယ်။

✅ ဒီအပိုင်းက တွက်ချက်မှုအပိုင်းဖြစ်ပါတယ်။ နားလည်ရင်တော့ ကောင်းတာပေါ့။ နားမလည်ရင်လည်း ကိစ္စမရှိပါဘူး။ ဒီအပိုင်းမှာကတော့ မိတ်ဆွေထည့်သွင်းထားတဲ့ အချက်အလက်တွေ မှန်မမှန်ကို ထပ်မံ စစ်ဆေးနိုင်ပါတယ်။

အားလုံးမှန်တယ်ဆိုရင်တော့ အောက်မှာပြထားတဲ့ အကြံပြုဟောစာတမ်းကို ဖတ်ရုံပါပဲ။

✅ ဒီအပိုင်းမှာ ပြထားတာက မိတ်ဆွေရဲ့ တွက်ချက်မှုအရ သက်ဆိုင်ရာနေ့အတွက် ဟောစာတမ်းဖြစ်ပါတယ်။ ကျနော်က 04 October 2024 နေ့မှာ တွက်ချက်ထားတာမို့လို့ ... ( 04 October 2024 သောကြာနေ့အတွက် အကြံပြုဟောစာတမ်း ) လို့ ပြနေတာဖြစ်ပါတယ်။

ဒီအပိုင်းမှာ တနေ့တာကံကြမ္မာဟောချက်၊ အကြံပြုချက်၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ ဆောင်ရန်၊ ရှောင်ရန်နဲ့ ယတြာဆိုတဲ့ အပိုင်းတွေပါဝင်ပါတယ်။ ဒါကတော့ ကိုယ့်ဘာသာဖတ်ပြီး လက်တွေ့အသုံးပြုနိုင်ပါတယ်။ 

ကဲ ... ဒီလောက်ဆိုရင်တော့ လက်တွေ့ အသုံးချတတ်လောက်ပြီထင်ပါတယ်။ 

ဗေဒင်စွယ်စုံကို အသုံးပြုချင်ရင် အောက်က လင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။

ဗေဒင်စွယ်စုံ