ကလေးတစ်ယောက်ရဲ့နာမည်ကို ဗေဒင်ဆရာမလိုပဲ ကိုယ်တိုင်ကိုယ်ကျပေးနိုင်အောင် ဗေဒင်စွယ်စုံပရိုဂရမ်က များစွာ ကူညီပေးနိုင်ပါတယ်။ ဒီ Program ထဲမှာတော့ ကလေးနာမည်ပေးနည်းကို ရိုးရိုးနဲ့ အထူးဆိုပြီး နှစ်မျိုးပြပေးထားပါတယ်။

ရိုးရိုးက ဖန်ရှင်သိပ်မစုံတာမို့ ဒီမှာတော့ အထူးနဲ့ပဲ ရှင်းပြပေးပါမယ်။ ဒါကို တွက်ချက်ဖို့ ဘာမှ ထူးထူးခြားခြားလုပ်စရာမရှိပါဘူး။


အောက်မှာပြထားတဲ့အတိုင်း ... 

✅ မိဘအမည် လို့ ပြထားတဲ့ အကွက်ထဲမှာ ကလေးမိဘတွေရဲ့နာမည်ကို ရေးလိုက်ပါ။ ဒါကတော့ တွက်ချက်မှုအရ သိပ်တော့ အရေးမကြီးပါဘူး။ မြန်မာလိုထည့်သွင်းရင်တော့ ကလေးရဲ့နာမည်တွက်ချက်မှုကို ပိုပြီး အထောက်အပံ့ရစေတာပေါ့ဗျာ။

✅ အဲဒီအောက်က အကွက်သုံးကွက်က ကလေးရဲ့ မွေးရက်၊ မွေးလ၊ မွေးနှစ်တွေကို ရွေးချယ်ပေးဖို့ဖြစ်ပါတယ်။

✅ အဲဒါရဲ့အောက်က အကွက်သုံးကွက်ကတော့ ကလေးရဲ့ မွေးချိန်ဖြစ်တဲ့ နာရီ၊ မိနစ်၊ စက္ကန့် အထိရွေးချယ်နိုင်အောင်ဖြစ်ပါတယ်။

✅ အဲဒီအောက်မှာတော့ မွေးရပ်ဇာတိဖြစ်တဲ့ ကလေးရဲ့ မွေးတဲ့နေရာကို မြန်မာစာနဲ့ ရိုက်ရှာပြီး ရွေးချယ်ပေးနိုင်ပါတယ်။ ပြီးတော့ နာမည်ကို ကျားနဲ့မ ခွဲခြားတွက်ချက်နိုင်ဖို့ ကလေးဟာ ကျား၊ မ ဆိုတာကိုလည်း သေချာရွေးပေးခဲ့ပါ။

✅ အားလုံးပြီးရင်တော့ ( တွက်ရန် ) ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ။ ဘာမှ မခက်ပါဘူး။ အထက်က ပြောခဲ့တဲ့ အချက်တွေကိုသာ မှန်အောင် ဖြည့်သွင်းခဲ့ပါ။ ပရိုဂရမ်က အကောင်းဆုံးတွက်ချက်ပေးပါလိမ့်မယ်။

ဒါတွေကတော့ တွက်ချက်ထားတဲ့ ရလဒ်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။ သူ့ဘာသာ အလိုအလျောက်စနစ်နဲ့ အကုန်လုံးကို ညှိနှိုင်းတွက်ချက်သွားပါလိမ့်မယ်။ ကျနော်တို့က ဘာမှ အထူးထပ်လုပ်နေစရာမလိုပါဘူး။ 


✅ ဒီအပိုင်းက တွက်ချက်မှု အပိုင်းဖြစ်ပါတယ်။ မိတ်ဆွေနားမလည်ရင်လည်း ကိစ္စတော့မရှိပါဘူး။ နားလည်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဒီအထဲမှာ အရေးကြီးဆုံးလုပ်စရာတစ်ခုက မွေးသက္ကရာဇ်တွေ၊ မွေးချိန်တွေ အားလုံးကို ပြန်စစ်ပါ။ အဲဒီနေရာမှားနေရင် မိတ်ဆွေထည့်သွင်းခဲ့တဲ့ အချက်အလက်တွေက မှားနေလို့ပါ။ 

မှားနေရင် တွက်ချက်မှုတွေလည်း မှားကုန်မှာဖြစ်လို့ အစကနေ ပြန်တွက်ဖို့လိုပါတယ်။ မှန်ရင်တော့ တွက်မနေပါနဲ့ အရေးမကြီးတော့ပါဘူး။ ပြီးတော့ အောက်ဆုံးက အနီနဲ့ ရေးပြထားတဲ့ ပက္ခအတွဲတွေဆိုတာကိုလည်း မှတ်ထားပါ။ အရေးကြီးလို့ အနီရောင်နဲ့ ပြထားပေးပါတယ်။ ကလေးနာမည်ကို ကိုယ်တိုင်ပေးဖြစ်တယ်ဆိုရင် 

အဲဒီဂြိုဟ်တွဲတွေက ရှောင်ကို ရှောင်ရမယ့် ဂြိုဟ်တွဲတွေဖြစ်ကြောင်း သိစေချင်လို့ ထည့်ပေးထားတာပါ။

✅ ဒီအပိုင်းကတော့ မဟာဘုတ်ဗေဒင်ပညာအရ ဂြိုဟ်တွဲတွေကို အသေးစိတ်ရှာဖွေပေးတဲ့အပိုင်းဖြစ်ပါတယ်။ အဲဒီမှာ မြင်နေရတဲ့ အပိုင်းက စစ်ဆေးမှု ရလဒ်တွေထဲက ပထမတန်းစားနဲ့ ဒုတိယတန်းစားတွေကို ရွေးချယ်ပေးထားတာဖြစ်ပါတယ်။ ဦးနှောက်နဲ့ တွက်ချက်စဉ်းစားနေရတာထက် ပိုပြီးမြန်ဆန်ပါတယ်။

အောက်ဆုံးက အပြာရောင်နဲ့ပြထားတဲ့ ခလုတ်လေးကို နှိပ်ဖွင့်လိုက်ရင် မဟာဘုတ်ပညာအရ ဂြိုဟ်တွဲအားလုံးရဲ့ အကျယ်ရှင်းပြချက်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီမှာတော့ ပုံထပ်မထည့်ချင်တော့လို့ မပြတော့ပါဘူး။

✅ ဒီအပိုင်းကလည်း မဟာဘုတ်ဗေဒင်ပညာမှာ ရှင်းပြခဲ့သလိုပါပဲ။ ဒီအပိုင်းကတော့ အင်္ဂဝိဇ္ဇာနည်းလမ်းအရ ဂြိုဟ်တွဲတွေကို စစ်ဆေးတဲ့ အပိုင်းဖြစ်ပါတယ်။ ကိုယ်တိုင်နာမည်ပေးချင်တဲ့အခါ ဒီဂြိုဟ်တွဲတွေကို ကြည့်ပြီး ကိုယ်တိုင် စီမံနိုင်အောင်လို့ ထည့်ပေးထားတာဖြစ်ပါတယ်။

အောက်ဆုံးက အပြာရောင်ခလုတ်ကို နှိပ်ပြီးလည်း ဂြိုဟ်တွဲအားလုံးရဲ့ အကျယ်ရှင်းပြချက်တွေကို ဖတ်နိုင်ပါသေးတယ်။ 

✅ ဒီအပိုင်းကတော့ ကလေးနာမည်ကို ကိုယ်တိုင်မရွေးတတ်ဘူး၊ မပေးတတ်ဘူးဆိုသူတွေအတွက် ပရိုဂရမ်ကနေ အကောင်းဆုံးနာမည်တွေကို စီစဉ်ပြီး ၅ မျိုးစီ ပြန်ပြပေးထားတဲ့ အပိုင်းဖြစ်ပါတယ်။ ၅ မျိုးစီပြထားတယ်ဆိုပေမယ့် ပုံသေတော့ မဟုတ်ပါဘူး။ မိတ်ဆွေက သူတွက်ချက်တာကို မကြိုက်သေးရင် 

နောက်တစ်ခေါက် အစကနေ ပြန်တွက်ကြည့်ပါ။ သူက အသစ်ထပ်မံတွက်ချက်ပေးပါလိမ့်မယ်။ အသစ်တွက်ပေးတယ်ဆိုပေမယ့် နာမည်တွေရဲ့ ဂြိုဟ်အနေအထားကိုတော့ သူက ပြောင်းလဲမှာမဟုတ်ပါဘူး။ နာမည်တွေကိုတော့ ပြောင်းလဲဖော်ပြပေးနိုင်အောင် ကျနော်က စီစဉ်ထားပါတယ်။

✅ ဒီအပိုင်းကတော့ အခါပေးအပိုင်းလို့ ဆိုရမှာပါ။ နာမည်ပေးကင်းပွန်းတပ်လုပ်ဖို့ ရက်ကောင်းရက်မြတ်တွေနဲ့ တွက်ချက်မှုရလဒ်တချို့ကို ဖော်ပြပေးထားပါတယ်။ ဒီအပိုင်းကတော့​ တကယ်တမ်းပြောရရင် မပြီးသေးပါဘူး။ ဒါကြောင့် သိပ်တော့ မပြည့်စုံသေးဘူးပေါ့ဗျာ။ မင်္ဂလာအခါရက်ကို အကောင်းဆုံးရွေးချင်ရင်တော့ ဒီပရိုဂရမ်ထဲက မင်္ဂလာအခါပေးဗေဒင်ပြက္ခဒိန်မှာလည်းသွားပြီး စစ်ဆေးကြည့်နိုင်ပါတယ်။

ပိုပြီး ပြည့်စုံတဲ့ စနစ်ကို မြင်တွေ့ရပါလိမ့်မယ်။

✅ ဒီအပိုင်းကတော့ ကလေးရဲ့ ဇာတာအရ ဘ၀တသက်တာလုံးမှာ ရှောင်သင့်၊ ဆောင်သင့်တဲ့အရာတွေကို ပြောပြတဲ့အပိုင်းဖြစ်ပါတယ်။ အားလုံးပါအောင် Screenshot ရိုက်မရလို့ တချို့တော့ ကျန်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗေဒင်စွယ်စုံပရိုဂရမ်ထဲမှာသာလေ့လာကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။


ကဲ ... ဒီတော့ ကလေးနာမည်ပေးဖို့ ခက်ဦးမလားဗျာ ... ဗေဒင်နည်းလမ်း၊ ဗေဒင်စည်းကမ်းနဲ့ ကိုယ်တိုင်ကိုယ်ကျ ပေးချင်ရင် ဗေဒင်စွယ်စုံကိုသာ အမြန်ဆုံး သုံးလိုက်ကြတော့ဗျို့ ...

ဗေဒင်စွယ်စုံကို အသုံးပြုချင်ရင် အောက်က လင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။

ဗေဒင်စွယ်စုံ