တရုတ်ဗေဒင်လို့ဆိုရမှာထက် တရုတ်အတွေးအခေါ်ကနေ မြစ်ဖျားခံလာတဲ့အရာမို့ ဂမ္ဘီရပညာတစ်ရပ်လို့တောင်မှ ဆိုထိုက်တဲ့ ယိချင်းပညာကို အလွယ်တကူ ဟောချက်တွေ ဖတ်ရှုနိုင်ဖို့ စီစဉ်ပေးလိုက်ပါတယ်။ တကယ့်တကယ် အခက်အခဲတွေကြုံလာတဲ့အခါ စမ်းကြည့်စေချင်ပါတယ်။ ထွက်ပေါက်ပျောက်နေတဲ့ မိတ်ဆွေကို တခုခုတော့ လမ်းညွှန်ပြပေးမှာ သေချာပါတယ်။ 


အောက်ကပုံလေးက ယိချင်းစာမျက်နှာရဲ့ အစပိုင်းပုံလေးဖြစ်ပါတယ်။ ပုံထဲမှာ မေးမြန်းနည်းအကျဉ်းလေးနဲ့ အတူ သတိပေးချက်တချို့ကို ဖော်ပြထားပါတယ်။ ရေးထားတဲ့ စည်းကမ်းချက်အတိုင်း လိုက်နာပြီးတာနဲ့ တွက်ရန်ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ။

ဒါဆိုရင် သူက အောက်ပါအတိုင်း တွက်ချက်ပြီး အဖြေထုတ်ပေးပါလိမ့်မယ်။ 

ပုံထဲမှာ တွက်ချက်မှု ရလဒ်အဖြစ် ယိချင်းပုံနှစ်မျိုးပါဝင်ပါတယ်။ ဘယ်ဘက်ကပုံက မူလယိချင်းဖြစ်ပြီး၊ ညာဘက်ကပုံက မူလယိချင်းအပေါ်မှာ ပြောင်းလဲလမ်းကြောင်းတွေပါဝင်လာတဲ့ ပြောင်းလဲထားတဲ့ ယိချင်းဖြစ်ပါတယ်။ အဲဒါတွေကတော့ တွက်ချက်မှုအပိုင်းတွေဖြစ်တော့ နားမလည်ရင်လည်း အရေးမကြီးပါဘူး။ တကယ်လို့ ကျကျနန နားလည်ထားချင်တယ်ဆိုရင်လည်း တကယ်နားလည်တတ်ကျွမ်းထားပြီး ကျကျနနသင်ပေးနိုင်မယ့် ဆရာသမားဆီမှာ နည်းနာခံယူထားပေါ့ဗျာ။

ဒီမှာတော့ ရှင်းပြရုံလောက်ပဲ ကျနော် ရှင်းပြနိုင်ပါမယ်။ 

ယိချင်းပုံတွေရဲ့အောက်မှာတော့ အဲဒီယိချင်းနဲ့ သက်ဆိုင်တဲ့ နာမည်၊ အဓိပ္ပါယ်အကျဉ်းနဲ့ အဲဒီယိချင်းတွေရဲ့ရလဒ်ကို အဟောအဖြစ် အဖြေထုတ်ပေးထားတဲ့ ရလဒ်တွေကို ဖော်ပြထားပါတယ်။ ဒါဟာ မိတ်ဆွေဖတ်ရမယ့် အဖြေပဲပေါ့။ 

ကဲ ဒီလောက်ဆိုရင်တော့ ယိချင်းကို အသုံးပြုတတ်လောက်ပါပြီနော်။ ဘာမှ မခက်တဲ့အတွက် အထူးရှင်းပြမနေတော့ပါဘူး။ တခုပြောစရာရှိတာက ယိချင်းသင်္ကေတ ၆၄ ခုပဲ ရှိလို့ ငါတို့တော့ အဖြေ ၆၄ ခုကိုပဲ ပတ်လည်ရိုက်ပြီး ဖတ်နေရတော့မယ်လို့ မထင်စေချင်ပါဘူး။ 

ယိချင်းသင်္ကေတက စုစုပေါင်း ၆၄ ခုပဲရှိတာမှန်ပေမယ့် တကယ့်တွက်ချက်မှုအပိုင်းမှာတော့ အောက်ကနေ အထက်ထိ တဆင့်ခြင်းတက်သွားတဲ့ လမ်းကြောင်းတွေရဲ့သဘော၊ ဆင့်ပွားထားတဲ့ သင်္ကေတ ၆၄ ခုရဲ့သဘောတွေအများကြီးပါဝင်ပါတယ်။ ဒါ့အပြင် အဟောထုတ်ပေးတဲ့စနစ်ကို ခေတ်မှီ AI နည်းပညာပါ ပေါင်းစပ်ထားတဲ့အတွက် အဟောတွေ မထပ်လောက်ဘူးလို့ယုံကြည်ပါတယ်။

ဒါမှ အဟောထပ်နေသေးရင်လည်း တီထွင်တဲ့ကျနော်ညံ့လို့ပါ။ ကျနော့်မှာတာဝန်ရှိတဲ့အတွက် ကျနော်ကပဲ ပြင်ဆင်ပေးပါမယ်ဗျာ။


ဗေဒင်စွယ်စုံကို အသုံးပြုချင်ရင် အောက်က လင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။

ဗေဒင်စွယ်စုံ