၏လူနှစ်ဦးနှစ်ဖက် ပေါင်းဖက်ရေးမှာ ဇာတာနှစ်စောင်ကို စနစ်တကျ တိုက်ဆိုင်စစ်ဆေးတတ်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော့်ဆီမေးရင်တော့ တခြားနည်းလမ်းတွေနဲ့ပါ တိုက်ဆိုင်စစ်ဆေးပေးမှာပါ။ ဒီမှာတော့ ရှေးဟောင်းဟိန္ဒူနက္ခတ်ပညာအရ အသုံးပြုလေ့ရှိတဲ့ ဇာတာတိုက်ဆိုင်စစ်ဆေးနည်းကို ပြောပြပေးထားပါတယ်။ တွက်ချက်မှုတွေက အဆင့်တွေများပေမယ့် ဗေဒင်စွယ်စုံပရိုဂရမ်ကို သုံးရင်တော့ လွယ်ကူနေမှာဖြစ်ပါတယ်။ ဘာမှ ထူးပြီး လုပ်နေစရာမရှိပါဘူး။ ဒါပေမယ့် တွက်ချင်တဲ့ လူနှစ်ယောက်ရဲ့ မွေးသက္ကရာဇ်တွေကိုတော့ တိတိကျကျသိထားဖို့လိုပါလိမ့်မယ်။ ဒါမှ တိကျတဲ့ အဖြေကို ရရှိလာမှာဖြစ်ပါတယ်။

အောက်မှာပြထားတဲ့ ပုံကို သေချာကြည့်ပါ။ ကျားဇာတာနဲ့ မဇာတာဆိုပြီး နှစ်ခု ယှဉ်တွဲပြထားပါတယ်။ ပိုပြီးမြင်သာအောင်လို့ အရောင်နဲ့ပါ ခွဲပြထားပါတယ်။ မိတ်ဆွေတို့လုပ်ရမှာက ကျားဇာတာဆိုတဲ့ဘက်မှာ ယောကျ်ားလေးရဲ့ မွေးသက္ကရာဇ်၊ မွေးချိန်၊ မွေးရပ်ဇာတိကို တိတိကျကျ ထည့်သွင်းပေးရမှာဖြစ်သလို၊ မဇာတာဆိုတဲ့ ဘက်မှာလည်း ကိုယ်ယူမယ့် မိန်းကလေးရဲ့ မွေးသက္ကရာဇ်၊ မွေးချိန်၊ မွေးရပ်တွေကို တိတိကျကျ ထည့်သွင်းပေးရမှာဖြစ်ပါတယ်။

အားလုံးထည့်သွင်းပြီးပြီဆိုရင်တော့ ... ( တွက်ရန် ) ဆိုတဲ့ ခလုတ်လေးကို နှိပ်ပေးလိုက်ပါ။ 

ဒါဆိုရင် တွက်ချက်မှုရလဒ်တွေကို အောက်ပါအတိုင်း အဖြေထုတ်ပေးပါလိမ့်မယ်။

✅ ဒီအပိုင်းမှာ အဲဒီ ဇာတာရှင်နှစ်ဦးရဲ့ ပေါင်းစပ်ထားတဲ့ ကံတရားကို နက္ခတ်ဗေဒင်စည်းကမ်းနဲ့အညီ တွက်ချက်ထားတဲ့ ရလဒ်တွေကို ​ဖော်ပြပေးထားပါတယ်။ ဒီလိုဖော်ပြတဲ့နေရာမှာ နက္ခတ်ဗေဒင်ပညာရဲ့ အခေါ်အဝေါ်တွေကို ထည့်သွင်းထားလို့ နားမလည်ရင်လည်း ကိစ္စမရှိပါဘူး။

တိတိကျကျမှ နားလည်ထားချင်တယ်ဆိုရင်လည်း ကျနော့်ဆီမေးလို့ရပါတယ်။ ရှင်းပြပေးပါမယ်။ အရေးကြီးတာက အောက်ဆုံးက နောက်ဆုံးရလဒ်၊ တနည်းအားဖြင့် ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ အခု နမူနာမှာတော့ ...

ဇာတာရှင်မောင်မယ်နှစ်ဦးဟာ လက်ထပ်ပေါင်းသင်းဖို့အတွက် ကုဋအား 72.22 % ရှိပါတယ်။ ကျနော့်အနေနဲ့ အကြံပေးရမယ်ဆိုရင်တော့ လက်ထပ်ပေါင်းသင်းဖို့အတွက် ကောင်းပါတယ်။

ဆိုတဲ့ စာကြောင်းကို ကျနော်ပြပေးထားပါတယ်။ ဒီတော့ ဒီဇာတာရှင်နှစ်ဦးဟာ လက်ထပ်ပေါင်းသင်းလို့ရတယ်လို့ အဓိပ္ပါယ်ရတာပေါ့ဗျာ။ ရာနှုန်းက 100% ပေါ်မှာ အခြေခံထားတဲ့အတွက် 72.22% အားရနေတာဆိုတော့ အားက မသေးလှဘူးလို့ ဆိုရမှာပါ။

အဲဒီစာကြောင်းလေးကိုပဲ ဖတ်တတ်ရင် မိတ်ဆွေတို့အတွက် အများကြီး အကျိုးရှိမှာပါ။ လက်ထပ်ပြီးမှ ဖောက်ပြန်သွားလို့ဘာညာနဲ့ ထိုင်ငိုနေမယ့်အစား လက်မထပ်ခင်လေးမှာ ခုလိုလေး အရင်စစ်ဆေးထားတော့ ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ ဆင်ခြင်လို့ရသွားတာပေါ့။

တကယ်လို့ စစ်ဆေးကြည့်တာကလည်း လက်မထပ်သင့်ဘူးလို့ဆိုတယ်။ လက်မထပ်လို့ကလည်း မရတော့တဲ့ အခြေအနေမျိုးဆိုရင်တော့ ကျနော့်ဆီမှာ တိုက်ရိုက်အကြံဉာဏ်တောင်းပေါ့ဗျာ။ အကြံဉာဏ်တောင်းဖို့ Appointment လေးဘာလေးတော့ ကြိုယူဗျ။ မဟုတ်ရင် ကျနော်က ဘယ်သူနဲ့မှ စကားပြောချင်တာမဟုတ်ဘူး။ ကဲ ... ဒီလောက်ဆိုရင်တော့ မိတ်ဆွေ အသုံးပြုတတ်လောက်ပါပြီနော် ... 

ဗေဒင်စွယ်စုံကို အသုံးပြုချင်ရင် အောက်က လင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။

ဗေဒင်စွယ်စုံ