မှော်ပညာကို ယုံကြည်တဲ့ ညီငယ်တစ်ယောက်က Wicca အကြောင်းကိုမေးထားတယ်။ သူမေးတာကို ကျနော်ပြန်မဖြေခဲ့ပါဘူး။ ပြန်မဖြေရတဲ့အကြောင်းရင်းတွေကလည်း ကျနော့်မှာရှိပါတယ်။
✅ ကျယ်ပြန့်တဲ့ကိစ္စတခုကို အတိုချုံးဖြေပေးဖို့မဖြစ်နိုင်။
အကြောင်းအရာတခုက ရှည်ရှည်လျားလျားရှင်းပြပေးမှ လိပ်ပတ်လည်ပြီး ပြည့်စုံတာမျိုးလည်းရှိပါတယ်။ မဟုတ်ပဲ ခပ်တိုတိုဖြေမိရင် အကြောင်းအရာက အဓိပ္ပါယ်တမျိုးသက်ရောက်သွားနိုင်သလို၊ ဖတ်မှတ်ရမယ့်သူအတွက်လည်း အကျိုးမရှိနိုင်ပါဘူး။ အထူးသဖြင့် ကျယ်ပြန့်လွန်းတဲ့အရာတွေကိုရှင်းပြဖို့ကလည်း ရှင်းပြပေးရမယ့်သူအတွက် လုံလောက်တဲ့အချိန်လည်း ရှိသင့်ပါတယ်။
✅ မေးနည်းမဟုတ်ရင် ဖြေပေးဖို့မဖြစ်နိုင်။
အကြောင်းအရာတခုကို မေးတယ်ဆိုတဲ့နေရာမှာ မေးပုံမေးနည်းလည်း မှန်ကန်သင့်ပါတယ်။ တကယ်စိတ်ဝင်စားလို့ပဲမေးမေး... လမ်းကြုံလိုပဲမေးမေး စနစ်တကျမမေးရင် ကျနော်မဖြေပါဘူး။ လူတစ်ယောက်မေးလာတဲ့ မေးခွန်းတစ်ခုကို ပြန်လည်ဖြေဆိုပေးနိုင်ဖို့ ကျနော့်ဘက်မှာ အချိန်တွေအများကြီးရင်းပြီးလေ့လာထားရပါတယ်။ ဒါကို တဖက်လူက မေးခွန်းလေးနက်မှုမရှိပဲ ပေါ့တီးပေါ့ဆနဲ့ ခရီးသွားဟန်လွှဲ... လမ်းကြုံမေးတာမျိုးဆိုရင် ပြန်ဖြေပေးရမယ့် ကျနော့်အတွက် ဖြေပေးရတာ မတန်ပါဘူး။ ကျနော့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးရာရောက်ပါတယ်။
ဒီအချက်နှစ်ချက်က အဓိကပါ။ ဒါကြောင့် ကျနော်ပြန်မဖြေခဲ့တာပါ။ ဒါပေမယ့်လည်း ကျနော်လိုက်နာတဲ့ ကျင့်ဝတ်တစ်ခုက... တဦးပိုင် မဟုတ်ရင် အများဆိုင်အောင်ပြုလုပ်ခြင်းပါပဲ... သဘောတရားကိုပြောရရင်... မေးထားတဲ့မေးခွန်းဟာ မေးသူကိုပြန်လည်ဖြေပေးဖို့ မလိုအပ်ခဲ့ဘူးဆိုပေမယ့် အများလည်း စိတ်ဝင်စားရင် သိသင့်တယ်လို့ထင်ရင် သူ့တစ်ယောက်ထဲဖြေနေမယ့်အစား အများကိုပါသိရအောင် တခါထဲ အပင်ပန်းခံဖြေဆိုပေးတတ်ခြင်းပါပဲ... ဖြေရတာ ကျနော့်အတွက် အချိန်ကုန်တာခြင်းတူရင်တောင် တန်ဖိုးခြင်းမတူတော့ပါဘူး။ ကျနော် ဖြေဆိုမှုအတွက် အချိန်တနာရီသုံးခဲ့မယ်ဆိုရင် သူ့တစ်ယောက်ထဲဖြေလိုက်တာက သူတစ်ယောက်ထဲသာသိခွင့်ရပြီး အကျိုးမများနိုင်ပါဘူး။ အများအတွက် ဖြေလိုက်တာက အများအတွက် တန်ဖိုးပိုရှိစေပါတယ်။ ကုန်သွားတဲ့အချိန်ဟာ တနာရီပါပဲ... ဒါပေမယ့် တန်ဖိုးကတော့ မတူတော့ပါဘူး။ ဒါကျနော် လိုက်နာလေ့ရှိတဲ့ ကျနော့်ရဲ့ ကိုယ်ပိုင်ကျင့်ဝတ်တခုပါပဲ။
ကျင့်ဝတ်ဆိုလို့... Wiccan တွေလိုက်နာကြတဲ့ ကျင့်ဝတ်အကြောင်းကို တလက်စထဲ ဗဟုသုတအဖြစ် ပြောပြပါဦးမယ်။ အဲ့ဒါကို... The Wiccan Rede သို့မဟုတ် Witches' Rede လို့ခေါ်ပါတယ်။ Rede ဆိုတာ အကြံဥာဏ် ( Advice ) သို့မဟုတ် သြဝါဒ ( Counsel ) ကိုပြောတာပါ။ Wiccan တွေလိုက်နာရမယ့် အကြံဥာဏ်၊ လမ်းညွှန်ချက်၊ သြဝါဒ လို့ အလွယ်မှတ်ထားပေါ့ဗျာ။ ဒါပေမယ့် အဓိပ္ပါယ်ကောက်လွှဲပြီး စည်းကမ်းလို့တော့ မှားပြီးယူဆလို့မရပါဘူး။ ဒါဟာ Wiccan တွေအတွက် စည်းကမ်းမဟုတ်ပါဘူး။ လိုက်နာသင့်တဲ့အရာ၊ ကျင့်ဝတ်လို့ပဲ နားလည်ထားပါ။ တချို့ကလည်း ဒါတွေက ကဗျာဆန်ဆန်ပြုလုပ်ထားလို့ Poetic Wiccan Rede လို့လည်း ခေါ်ကြပါတယ်။ အဲဒီကဗျာမှာ စာကြောင်း ၂၆ ကြောင်းပါဝင်ပါတယ်။ အားလုံးကိုတော့မရှင်းပြတော့ဘူး... အရေးပါပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တချို့ကိုပဲ ရှင်းပြတော့မယ်။
အဲဒီ ကျင့်ဝတ်တွေရဲ့ နောက်ဆုံးမှာ အောက်ပါအတိုင်းဖော်ပြထားတယ်။
An ye harm none, do what ye will.
ဒီဝါကျကို Archaic Language လို့ခေါ်တဲ့ ရှေးဆန်တဲ့စကားလုံးတချို့နဲ့တွဲပြီး တည်ဆောက်ထားတာပါ။ စနစ်တကျ ခွဲပြီးလေ့လာကြည့်ရင်...
"An" = If ( အကယ်၍ )
"Ye" = You ( မင်း )
"Harm none" = Do not harm anyone ( ဘယ်သူ့ကိုမှ မထိခိုက်စေနဲ့။ )
"Do what ye will" = Do as you wish ( မင်းဆန္ဒအတိုင်းလုပ်ပါ။ )
ဒီတော့ .... "If you harm no one, do as you wish." လို့ရေးနိုင်ပါတယ်။
ဒါဆိုရင် အဓိပ္ပါယ်က ( တကယ်လို့ မင်းဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုရင် မင်းဆန္ဒရှိသလိုလုပ်ပါ။ ) လို့ ပြောရမှာပါ။ ဒါပေမယ့် သူ့မူရင်း စာသားက ... ( ဘယ်သူ့ကိုမှ မထိခိုက်စေပဲ မင်းလုပ်ချင်တာကို လုပ်ပါ။ ) လို့ အဓိပ္ပါယ်ရပါတယ်။
ဒီတော့ Wiccan တွေက လွတ်လပ်မှုကို အဓိကဦးစားပေးထားကြောင်းနဲ့ ကိုယ်ကျင့်တရားကောင်းစေလိုကြောင်း အနက်တွေကို ဒီကျင့်ဝတ်အရသိမြင်နိုင်ပါတယ်။
✅ တခြားသူကို မထိခိုက်စေသင့်
ကိုယ့်ကြောင့် တဖက်လူကို မထိခိုက်စေသင့်ကြောင်း အဓိက ပြောချင်တာပါ။
✅ မိမိကိုယ်ကိုလည်း မထိခိုက်စေသင့်
ကိုယ့်ကိုယ်ကိုလည်း မထိခိုက်စေသင့်ကြောင်း အဓိကပြောတာပါ။
✅ သဘာဝနှင့် ညီညွှတ်စွာနေထိုင်ပါ
Wiccan တွေဟာ သဘာဝတရားအပေါ်အလေးထားပါတယ်။ အကြောင်းမဲ့ သဘာဝတရားကို မဖျက်ဆီးပါဘူး။ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပါတယ်။ လိုက်လျောညီထွေအောင်လည်းနေထိုင်ပါတယ်။ ဥပမာ သစ်ပင်တွေကို အကြောင်းမဲ့ ချိုးဖဲ့တာမျိုးမလုပ်ပါဘူး။
✅ Magick အပေါ်အလေးထားပါ။
Wiccan တွေဟာ White Magick ( ကောင်းတဲ့မှော် ) ကို အသုံးပြုပြီး Black Magick (ဆိုးတဲ့မှော်) ကို ရှောင်ကြဥ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Threefold Law ကို လိုက်နာကြလို့ပါ။ Threefold Law ဆိုတာက ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ် သုံးဆပြန်လာတယ်ဆိုတဲ့ ဥပဒေသတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် An ye harm none, do what ye will. ကျင့်ဝတ်အရ လူတွေအတွက် အကျိူးမရှိဘူးဆိုရင် အဲ့ဒီမှော်ကို မလုပ်ကြပါဘူး။ ဒါဟာ မှော်ပညာကို အလေးထားခြင်းပါပဲ။
✅ Threefold Law ကို ဂရုပြုပါ။
"Mind the Threefold Law ye should, three times bad and three times good." ဆိုတဲ့အချက်က Threefold Law ကို ကျင့်ဝတ်တခုအနေနဲ့ အသိပေးထားတာပါ။ "မကောင်းသုံးဆ၊ ကောင်းသုံးဆ သုံးဆပြန်ကို သတိရ" လို့ပဲ ဘာသာပြန်လိုက်ပါတော့မယ်။ ဆိုလိုတာက ကောင်းတာလုပ်ရင်လည်း ကောင်းတဲ့အကျိုးပေးဟာ ကိုယ့်ဆီ သုံးဆပြန်လာမှာဖြစ်ပြီး မကောင်းတာလုပ်ရင်လည်း မကောင်းကျိုးဟာ သုံးဆပြန်လာမှာဖြစ်ကြောင်း ပြောတာပါ။ ကျနော်တို့ ဗုဒ္ဓဘာသာရဲ့ ( မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ) ဆိုတဲ့ သြဝါဒမျိုးပါပဲ... ( ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ ဆိုးတာလုပ်ရင် ဆိုးတာဖြစ်မယ် ) လို့ ပြောချင်တာမျိုးပါ။
✅ အမူအရာ အလေးထားပါ။
Soft of eye and light of touch, speak little, listen much. ဆိုတဲ့အချက်က ကြည့်တဲ့အကြည့်ကအစ မရိုင်းပြရဘူး။ နူးညံ့သိမ်မွေ့နေရမယ်။ အထိအတွေ့ကအစ နူးညံ့ညှင်သာမှုရှိရမယ်။ နူးနူးညံ့ညံ့ဆက်ဆံရမယ်။ စကားကိုလည်း နည်းနည်းပြောပြီး များများနားထောင်ရမယ်ဆိုတဲ့ လမ်းညွှန်မှုတွေဖြစ်ပါတယ်။ " နူးညံ့စွာကြည့်၊ ပေါ့ပါးစွာထိ၊ နည်းနည်းပြောပြီး များများနားထောင် " လို့ အနှစ်ချုပ်နားလည်ထားနိုင်ပါတယ်။
✅ နှလုံးသားက နွေးထွေးတတ်ပါစေ...
Merry meet and merry part, bright the cheeks and warm the heart. ဆိုတာက " ပျော်ရွှင်စွာနဲ့တွေ့ဆုံ၊ ပျော်ရွှင်စွာနဲ့လမ်းခွဲ၊ တောက်ပတဲ့ ပါးပြင်နဲ့ နှလုံးသားနွေးထွေးကြပါစို့... " လို့ ဘာသာပြန်နိုင်ပါတယ်။ ဆိုလိုရင်းက လူမှုဆက်ဆံရေးအပိုင်းမှာလည်း မေတ္တာတရား၊ အကြင်နာတရားတွေရှေ့ထားပြီးဆက်ဆံတတ်ဖို့၊ ပြုံးရွှင်တဲ့ မျက်နှာထား၊ အေးချမ်းပြီး နွေးထွေးတဲ့ နှလုံးသားနဲ့ ဆက်ဆံတတ်ဖို့ ညွှန်ကြားချက်တစ်ခုဖြစ်ပါတယ်။
ဒါတွေက Wiccan Rede ၂၆ ခုထဲက သိသင့်တာလေးတချို့ကို ဗဟုသုတအဖြစ်ပြောပြတာပါ။ နားမလည်သူတချို့က Wiccan ကို စုန်းပညာလိုက်စားသူတွေလို့ အထင်မှားနေကြပါတယ်။ ( သေးငယ်တဲ့အသိက အဆိပ်ဖြစ်ပါတယ်။ )
Wiccan Rede မူရင်းစာသားတွေကိုပါ တလက်စထဲ အောက်မှာပြပေးလိုက်ပါတယ်။
နိဂုံးပြန်ချုပ်ရရင်... မှော်ပညာကို စိတ်ဝင်စားကြတဲ့ ညီငယ်၊ ညီမငယ်တွေကို လမ်းညွှန်ချင်တာက...
✅ တကယ်စိတ်ဝင်စားရင် တကယ်တတ်ကျွမ်းသူဆီမှာ သင်ယူပါ။
✅ စိတ်ဝင်စားသလိုလိုရှိတာလေးနဲ့ မှော်ပညာအတွက် အချိန်ကုန်မခံပါနဲ့။
✅ တကျမ်းတတ်ရုံ အာဂုံမကိုးနဲ့ဆိုသလို တပိုင်းတစ အသိနဲ့ ခရီးမဆက်ပါနဲ့။
✅ မှော်ပညာအကြောင်း အင်တာနက်အပေါ်မှာ အများကြီးရေးထားကြတာရှိပါတယ်။ အင်္ဂလိပ်စာ အသင့်အတင့်ဖတ်တတ်ရုံနဲ့ ဗဟုသုတများစွာရနိုင်ပါတယ်။ သို့သော် ဗဟုသုတသည် ဗဟုသုတသာဖြစ်ပြီး လက်တွေ့အသိပညာ၊ အလင်းပညာမျိုးမဟုတ်ကြောင်းသတိပြုပါ။ ( လျှို့ဝှက်အပ်သော ပတ္တမြားကြီးကို မည်သူ့ကိုမျှ မြင်အောင် ချပြလိမ့်မည်မဟုတ်... ) ဟူသော ဥပဒေသကို မမေ့ပါနဲ့။ လျှို့ဝှက်ထားသင့်တဲ့အရာတွေကို အင်တာနက်ပေါ်မှာ ပေါ်ပေါ်ထင်ထင် တွေ့ရဖို့ မရှိပါဘူး။
✅ မှော်ပညာသည် လက်ဆင့်ကမ်းပညာအမျိုးအစားသာဖြစ်ကြောင်း သတိပြုပါ။ ဆရာမှသည် တပည့်ဆီသို့ သွားတဲ့ အတွင်းလမ်းပညာမျိုးသာဖြစ်ပါတယ်။ ဒါကြောင့် စာပေဖတ်ထားရုံနဲ့ မှော်ပညာကျွမ်းကျင်လာမှာမဟုတ်ပါဘူး။ စာပေဟာ ဗဟုသုတကိုသာ ပေးစွမ်းပါတယ်။ ဒါကို မမေ့ပါနဲ့။
✅ မှော်ပညာရပ်ကို တကယ်ကျွမ်းကျင်လာဖို့ တကယ့်ပညာရှင်တွေနဲ့ချိတ်ဆက်ပါ။ မဟုတ်ရင် ဒီပညာအတွက် လက်လျော့လိုက်ပါ။ အကြောင်းက သမုဒ္ဒရာအလယ်မှာ လှေငယ်နဲ့ ကူးနေသလို တောမရောက်၊ တောင်မရောက်နဲ့ အချိန်ကုန်ပြီး ဇာတ်သိမ်းသွားတတ်လို့ပါ။
မြန်မာစကားတစ်ခုရှိပါတယ်။ ဝိဇ္ဇာကို လိပ်စာမမေးနဲ့တဲ့... တချို့ ကျနော့်ကို မေးကြတယ်။ မှော်ပညာကို ဘယ်ကနေလေ့လာရမလဲတဲ့... ကျနော်ဘာမှမပြောဘူး။ ပြုံးနေလိုက်တယ်။ စိတ်ထဲကတော့ ဝိဇ္ဇာကို လိပ်စာမေးသလိုတော့ဖြစ်နေပြီ။ မှော်ပညာဆိုတာ ဆိုင်းဘုတ်တင်ပြီး ရောင်းချနေတဲ့အရာမျိုးမဟုတ်ကြောင်း သဘောမပေါက်ပါလားပေါ့... အဲ့ဒီလို သဘောမပေါက်သရွေ့ကတော့ ဝိဇ္ဇာနဲ့တွေ့မှာမဟုတ်ဘူး။ တွေ့စားတွေ့ရင် ဝိဇ္ဇုံ နဲ့ပဲတွေ့လိမ့်မယ်။
အနောက်တိုင်းက မှော်အသင်းတော်တွေက လာပါလို့မဖိတ်ခေါ်ကြသလို၊ ငါဒီမှာလို့လည်း မပြောကြပါဘူး။ အသင်းဝင်တယောက်နဲ့ မချိတ်ဆက်မိရင် အသင်းတည်နေရာတောင် မသိရတဲ့အခြေအနေထိတောင် ရှိတတ်ပါတယ်။ ကျနော့်အဖြစ်နဲ့ ဥပမာ တခုပြောပြရရင်... သီအိုဆိုဖီအသင်းကြီး မြန်မာပြည်မှာရှိပါတယ်။ ဒါ့အပြင် အဲ့ဒီအသင်းသားနဲ့လည်း အနေနီးခဲ့ပါတယ်။ ဒါပေမယ့် သူကထုတ်မပြောခဲ့တော့ ကျနော်လုံးဝမသိခဲ့ရပါဘူး။ ခုသိချိန်မှာတော့ ကျနော်က အဝေးရောက်နေပါပြီ။ သဘောတရားကတော့ အဲ့ဒါပါပဲ... တကယ့်အသင်းသားတွေဟာ ကိုယ့်အနားမှာရှိနေရင်တောင်မှ သိဖို့မလွယ်ပါဘူး။ သူကထုတ်မပြောသရွေ့... ကျနော်တို့ဟာ သိနိုင်ဖို့ ခက်ပါတယ်။ ဒါကြောင့် မှော်ပညာမျိုးဟာ ဆရာကောင်းလည်းလိုအပ်သလို၊ သင်ချင်တိုင်းလည်း သင်ခွင့်ရချင်မှရတတ်ပါတယ်။ တခါတရံ အချိန်မကျပြန်ရင်လည်း သင်ယူဖို့ အခွင့်မသာတတ်ပြန်ပါဘူး။ နီးနီးကလေးနဲ့ ဝေးတတ်တဲ့ အမျိုးအစားပါ။
ကဲ... အောက်မှာ Wiccan တွေတဲ့ ကျင့်ဝတ်လေးတွေ ဆက်ဖတ်ကြည့်ပါဦး... ကျနော်ကတော့ စာရိုက်ရတာ လက်ရော၊ မျက်စိရောညောင်းပြီ။ ပိုဆိုးတာက အလုပ်လုပ်ရင် မပြီးမခြင်း ဆက်တိုက်လုပ်တတ်တဲ့အကျင့်ကဖျောက်မရတော့ ရေဆာလို့ အာခေါင်ခြောက်နေတာတောင် စာရိုက်မပြီးလို့ ထမသောက်ရတဲ့အဖြစ်ဗျ။ ကဲ... နားပြီဗျာ...
The Wiccan Rede (or Witches' Rede)
Bide the Wiccan Laws we must In Perfect Love and Perfect Trust.
Live and let live. Fairly take and fairly give.
Cast the Circle thrice about to keep the evil spirits out.
To bind the spell every time let the spell be spake in rhyme.
Soft of eye and light of touch, Speak little, listen much.
Deosil go by the waxing moon, chanting out the Witches' Rune.
Widdershins go by the waning moon, chanting out the baneful rune.
When the Lady's moon is new, kiss the hand to her, times two.
When the moon rides at her peak, then your hearts desire seek.
Heed the North wind's mighty gale, lock the door and drop the sail.
When the wind comes from the South, love will kiss thee on the mouth.
When the wind blows from the West, departed souls will have no rest.
When the wind blows from the East, expect the new and set the feast.
Nine woods in the cauldron go, burn them fast and burn them slow.
Elder be the Lady's tree, burn it not or cursed you'll be.
When the Wheel begins to turn, let the Beltane fires burn.
When the Wheel has turned to Yule, light the log and the Horned One rules.
Heed ye flower, Bush and Tree, by the Lady, blessed be.
Where the rippling waters go, cast a stone and truth you'll know.
When ye have a true need, hearken not to others' greed.
With a fool no season spend, lest ye be counted as his friend.
Merry meet and merry part, bright the cheeks and warm the heart.
Mind the Threefold Law you should, three times bad and three times good.
When misfortune is enow, wear the blue star on thy brow.
True in love ever be, lest thy lover's false to thee.
Eight words the Wiccan Rede fulfill: An ye harm none, do what ye will.
0 Comments
Post a Comment