လောကမှာ ကိုယ်က ဘယ်လောက်ကောင်းအောင်နေနေ ကိုယ့်ကို စော်ကားချင်တဲ့သူတွေ၊ မကောင်းကြံချင်တဲ့သူတွေ၊ ဒုက္ခပေးချင်တဲ့သူတွေ မရှိနိုင်ဘူးလားဗျာ။ တောထဲက ယုန်လေးဟာ သူ့ဟာသူနေတာပါပဲ... သူက ဘယ်သူ့ကိုမှ မကောင်းကြံလေ့မရှိသလို၊ ဒုက္ခပေးလေ့လည်းမရှိပါဘူး။ ဒါပေမယ့် သူ့ကိုတော့ ဒုက္ခပေးမယ့် ကျားရဲတိရစ္ဆာန်တွေ ဝိုင်းဝိုင်းလည်မနေဘူးလားဗျာ။ 

ကိုယ့်ကို မကျေနပ်လို့ ဒဲ့လာပြီး ပြဿနာရှာခံရတာက အကြောင်းမဟုတ်သေးဘူးဗျ။ နောက်ကွယ်ကနေ ချောင်းမြောင်းလုပ်ကြံတာမျိုးဆို မခက်ပေဘူးလား။ အထူးသဖြင့် မကောင်းတဲ့ပညာတွေနဲ့ လုပ်ကြံတာမျိုးတွေက ကိုယ်ကမြင်ရတာလည်းမဟုတ်၊ ဘယ်အချိန်ကိုယ့်ကိုလုပ်လို့ လုပ်လိုက်မှန်းလည်းရ။ ကိုယ်က ဘုန်းကံမြင့်မားနေချိန်ဆိုရင်တော့ အကြောင်းလား... ဘုန်းကံနိမ့်နေချိန်များဖြစ်နေလို့ကတော့ ကိုယ်က မခံရပေဘူးလားဗျာ...

ဗေဒင်ပညာဆိုတဲ့ ခေါင်းစဥ်ရဲ့အောက်မှာ ဗေဒင်ပညာအမျိုးမျိုးရှိတယ်ဗျ။ အဲ့ဒီထဲက ဆန်းကျမ်းဗေဒင်ပညာဆိုတဲ့နည်းဟာ တော်တော်လေးထိရောက်မှုရှိတယ်။ တွက်ရတာက သိပ်အခက်ကြီးမဟုတ်ပေမယ့် စဥ်းစားဆုံးဖြတ်တဲ့နေရာမှာတော့ ဆရာလုပ်သူရဲ့ အယူအဆ၊ ဆုံးဖြတ်နိုင်စွမ်း၊ သမ္ဘာတွေအပေါ် အများကြီးလိုအပ်ပါတယ်။ ဒီနေ့ ကျနော်က မိတ်ဆွေတို့ရဲ့ကံမှာ ကိုယ့်ကို မကောင်းတဲ့ပညာတွေနဲ့လုပ်ထားသလား... ဒါမှမဟုတ် ကိုယ်ဖြစ်ကြုံခံစားနေရတာတွေက သွေးရိုးသားရိုးပဲလားဆိုတာကို ကိုယ်တိုင်ဘယ်လို သိနိုင်မလဲဆိုတာကို သင်ပြပေးပါမယ်။ 

တကယ်တော့ နက်နဲလှတဲ့ဆန်းကျမ်းပညာကို ဘာဗေဒင်မှ မတတ်တဲ့သူတစ်ယောက်ကို အလွယ်သိနိုင်အောင်သင်ပြပေးဖို့ဟာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အထူးသဖြင့် ကိုယ့်ကို တစုံတယောက်က ပြုစားထားသလားသိရဖို့ဟာ ကျနော့်ဆီမှာ ဥာဏ်ပူဇော်ခကျကျနနပေးပြီးတွက်ချက်လိုက်တာက ပိုကောင်းပါတယ်။ ဒါပေမယ့် အများနဲ့ တစ်ယောက်ဖြစ်နေတဲ့အခါ လူတိုင်းကို အချိန်လိုက်ပေးဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျနော် အတတ်နိုင်ဆုံး ကိုယ့်ဟာကိုယ်ဘယ်လိုသိအောင် တွက်ချက်ကြည့်နိုင်မလဲဆိုတာနဲ့ သဘောတရားပိုင်းကို သင်ပြပေးပါမယ်။

ဆန်းကျမ်းပညာပါလာပြီဆိုတော့ တွက်ချင်တဲ့သူဟာ ကိုယ့်မွေးသက္ကရာဇ်တော့ ကိုယ် တိတိကျကျသိနေအောင်အရင်လုပ်ထားရမှာပေါ့။ မွေးသက္ကရာဇ်မသိရင် မရဘူးလားမမေးနဲ့... မရဘူး။ မွေးသက္ကရာဇ်မသိသူတွေက တခြားနည်းလမ်းသုံး... အခုပေးမယ့်နည်းကတော့ ကိုယ့်မွေးသက္ကရာဇ်ကိုတော့ တိတိကျကျသိထားမှဖြစ်လိမ့်မယ်။ ဒါမှတွက်လို့ရမှာ... တွက်ရမယ်ဆိုတော့ တကယ်သာ သင်ပြရရင် အကြာကြီးသင်ပြရလိမ့်မယ်။ ဒီမှာတော့ ကျနော်မသင်ပြတော့ဘူး။ တွက်ပုံကို ဖြတ်လမ်းနည်းနဲ့သွားလို့ရအောင် ကျနော် Step by Step နည်းနဲ့သင်ပေးသွားမယ်။ ကျနော် နမူနာတွက်ပြထားတဲ့ ဥပမာကိန်းလေးကိုလည်း Video လုပ်ပေးထားတယ်။ စာနဲ့တွဲကြည့်ပေါ့ဗျာ...

Step 1 

www.jhoro.com ကိုသွားပါ။ အကောင့်လျှောက်ပါ။ ပြီးရင်အကောင့်ဝင်ပါ။

Menu Bar ကနေတဆင့် ဗေဒင်=>ဆန်းကျမ်း=>ဆန်းကျမ်းတွက်ချက်ခြင်းကို အဆင့်ဆင့်နှိပ်ဝင်ပါ။ နားမလည်ရင် Video မှာကြည့်ပါ။

✅ Step 2 

ဆန်းကျမ်းတွက်ခွင်ရောက်တဲ့အခါ ကိုယ့်မွေးသက္ကရာဇ်နဲ့အတူ တောင်းထားတဲ့အချက်အလက်တွေကိုထည့်ပြီး " တွက်ရန် " ဆိုတဲ့ခလုတ်နှိပ်လိုက်ပါ။ ဒါဆို မိတ်ဆွေရဲ့ လက်ရှိကံဇာတာတွက်ချက်ထားမှုတွေပေါ်လာပါလိမ့်မယ်။ 

အဲ့ဒီအဆင့်မှာ မိတ်ဆွေက ဗေဒင်ပညာတတ်ထားရင် အသုံးဝင်မယ့်နည်းတွေအများကြီးတွေ့ပါလိမ့်မယ်။ ခုက ဗေဒင်မတတ်သူကို သင်ပြရတဲ့သဘောမို့ အဲ့ဒါတွေ ရှင်းမပြတော့ဘူးနော်။

✅ Step 3

ပေါ်လာတဲ့ ကံဇာတာထဲက နားမလည်တာတွေကို မကြည့်ပါနဲ့... မိတ်ဆွေအဓိက ရှာရမှာက "သက်ရောက်တိုင် သုံးသပ်ချက်များ" ဆိုတဲ့ ခေါင်းစဥ်ဖြစ်ပါတယ်။ အဲ့ဒီခေါင်းစဥ်နေရာကနေစပြီး အင်္ဂါဆိုတဲ့ ၃ ဂဏန်း၊ စနေဆိုတဲ့ ၀ ဂဏန်း၊ ပြီးတော့ မိတ်ဆွေရဲ့ မွေးနံဂဏန်း သုံးမျိုးကို ရှာဖွေပါ။ ( Video နဲ့တွဲကြည့်ရင် ပိုရှင်းပါလိမ့်မယ်။ ) 


မွေးနံဂဏန်းဆိုတာက...

တနင်္ဂနွေသားသမီး = ၁

တနင်္လာသားသမီး = ၂

အင်္ဂါသားသမီး = ၃

ဗုဒ္ဓဟူး၊ ရာဟုသားသမီး = ၄

ကြာသပတေးသားသမီး = ၅

သောကြာသားသမီး = ၆

စနေသားသမီး = ၀

လို့ နားလည်ထားရင် ရပါပြီ။

✅ Step 4

သက်ဆိုင်ရာ ဂြိူဟ်သုံးခုကို ရှာတွေ့တဲ့အခါ အဲ့ဒီမှာ ရေးပြထားတဲ့ သက်ဆိုင်ရာရှင်းပြချက်တွေကိုဖတ်ပါ။ အားလုံးနားမလည်လည်း အရေးမကြီးပါဘူး။ မိတ်ဆွေအဓိက ဖတ်ရမယ့်စာကြောင်းက "ဆန်းမဟာပညာအရ အားစစ်အားမှန်ကိုရှာလိုက်တဲ့အခါ" ဆိုတဲ့စာကြောင်းဖြစ်ပါတယ်။ အဲ့ဒီစာကြောင်းအဆုံးမှာ အားဗလပြတဲ့ သင်္ချာကိန်းတစ်ခုပါဝင်ပါတယ်။ အဲ့ဒီသင်္ချာကိန်းက အသက်ဖြစ်ပါတယ်။ သက်ဆိုင်ရာဂြိုဟ်အရ အဲ့ဒီသင်္ချာကိန်းကို မှတ်ထားပြီး အောက်ပါ ဥပဒေသအရ ကိုယ့်ကံကိုယ်သုံးသပ်ရမှာဖြစ်ပါတယ်။

မွေးနံဂြိုဟ်

အနီရောင်အားဗလအဆင့် 75 ကနေ 100 အတွင်းဖြစ်နေရမယ်။


အင်္ဂါဂြိုဟ်

အနီရောင်အားဗလအဆင့် 50 ကနေ 60 အတွင်းဖြစ်ရမယ်။


စနေဂြိုဟ် 

အနီရောင်အားဗလအဆင့် 50 ကနေ 60 အတွင်းဖြစ်ရမယ်။


ဒီသုံးချက် အတိအကျညီရင် သေချာပါတယ်။ မိတ်ဆွေကို မကောင်းတဲ့ပညာနဲ့လုပ်ထားပါတယ်။ ( လုပ်ထားသူ၊ လုပ်ထားပုံတွေ ဒီမှာထည့်မရှင်းပြတော့ဘူး။ ပိုရှုပ်သွားမှာစိုးလို့ပါ။ ) မကောင်းတဲ့အတတ်ပညာအလိုက် ဖြေရှင်းနိုင်တဲ့ပညာတရပ်ရပ်ကိုသုံးပြီး ဖြေရှင်းလိုက်ရင်ရပါတယ်။

ဒီသုံးချက်နဲ့မညီရင်တော့ မိတ်ဆွေခုကြုံနေရတဲ့ဒုက္ခတွေက သူများပြုစားလို့မဟုတ်ပါဘူး။ ရိုးရိုးကံအရ ကံနိမ့်နေတာပါ။ သက်ဆိုင်သလိုယတြာချေပေးလိုက်ရင်ရပါတယ်။

ကဲ... Video လေးနဲ့ တွဲကြည့်လိုက်ပါ။ ပိုပြီးရှင်းသွားမှာပါ။