ဒီ Logo တံဆိပ်ဟာ ကျနော်သုံးဖို့ ကိုယ်ပိုင် Design ပြုလုပ်ထားတာပါ။ ဒီ Logo ထဲမှာ Occult Symbolism လို့ခေါ်တဲ့ လျှို့ဝှက်ဂမ္ဘီရသင်္ကေတတွေ၊ Metaphysical လို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာကိုကျော်လွန်တဲ့အယူအဆတွေ၊ Alchemy လို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အဂ္ဂိရတ်သင်္ကေတတွေ၊ Kabbalah, Hermetic Principles, Esoteric ,Mysticism အယူအဆတွေကို ပေါင်းစပ်ထည့်သွင်းထားပါတယ်။ အားလုံးကို အသေးစိတ် တထိုင်ထဲရှင်းပြဖို့တော့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မိတ်ဆွေတို့ကိုလည်း ဗဟုသုတရစေချင်တဲ့အတွက် မကျဥ်းမကျယ်လေးတော့ ရှင်းပြပေးပါဦးမယ်။
အပြင်ဘက်ဆုံးစက်ဝိုင်းကြီး
========================
ဒီသင်္ကေတဟာ စကြဝဠာကို ကိုယ်စားပြုပါတယ်။ Occultism အလိုအရ စက်ဝိုင်း ( Circle ) ဟာ ထာဝရတည်မြဲခြင်း၊ အဆုံးမရှိခြင်း၊ စည်းလုံးညီညွှတ်ခြင်း၊ ကာကွယ်ခြင်းတွေရဲ့ သင်္ကေတဖြစ်ပါတယ်။ မကောင်းတဲ့အရာမှန်သမျှကို ကာကွယ်နိုင်စေဖို့နဲ့ ပြင်ပအနှောင့်အယှက်တွေကို တားဆီးနိုင်စေဖို့ဖြစ်ပါတယ်။ အထူးသဖြင့် စကြဝဠာရဲ့ ဖြစ်စဥ်တစ်ခုအဖြစ်လည်း ရည်ရွယ်ပါတယ်။
TTS စာလုံး
==========
TTS စာလုံးဟာ ကျနော့်ရဲ့ Logo ဖြစ်ကြောင်း ကျနော့်ရဲ့နာမည် Thuta Sann ကို အတိုကောက်အဖြစ် ထည့်သွင်းအသုံးပြုလိုက်တာလည်းဖြစ်သလို Mysticism သဘောအရ... The Threshold of Secrets ( လျှို့ဝှက်ချက်တွေရဲ့မုခ်ဦး )၊ The Third Sight တတိယမျက်လုံးအမြင်ဓာတ် ( ဉာဏ်အလင်းနဲ့ အသိဉာဏ်အဆင့်မြင့်ခြင်း )၊ The True Seeker အမှန်တရားကို ရှာဖွေသူ။ ( ဉာဏ်အလင်းရရှိဖို့ ကြိုးစားသူ ) ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။
ပထမ T ဟာ Transformation ဆိုတဲ့ ပြောင်းလဲခြင်း၊ ကူးပြောင်းခြင်း၊ ပုံပြောင်းခြင်းကို ကိုယ်စားပြုပါတယ်။
ဒုတိယ T က Truth ဆိုတဲ့ အမှန်တရား၊ အသိဉာဏ်၊ ဉာဏ်အလင်းကို ကိုယ်စားပြုပါတယ်။
S ကတော့ Secret ဖြစ်ပြီး လျှို့ဝှက်ချက်၊ လျှို့ဝှက်အသိပညာ၊ ဆန်းကျယ်မှုတွေကို ကိုယ်စားပြုပါတယ်။
Numerology လို့ခေါ်တဲ့ ဂဏန်းဗေဒင်ပညာအရ TTS ဟာ 5 ဂဏန်းဖြစ်ပြီး ပြောင်းလဲခြင်း၊ လွတ်လပ်ခြင်းနဲ့ စွန့်စားခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ပေးပါတယ်။ တနည်းအားဖြင့် Threefold Transformation of Self ဆိုတဲ့ မိမိကိုယ်ကို သုံးဆပြောင်းလဲခြင်းအဓိပ္ပါယ်လည်းဖြစ်ပါတယ်။
TTS စာလုံးတွေဟာ အထက်နဲ့အောက် ပြောင်းပြန်တည်ရှိနေတာက ကောင်းကင်နဲ့မြေကြီးကို ကိုယ်စားပြုပြီး ဆန့်ကျင်ဘက်နှစ်ခုရဲ့ ပေါင်းစည်းမှုသရုပ်လည်းဖြစ်ပါတယ်။ စွမ်းအင်တွေရဲ့ ဟန်ချက်ညီမှုကိုလည်း ကိုယ်စားပြုပါတယ်။ ရုပ်နဲ့နာမ်ရဲ့ ဟန်ချက်ညီမှုကိုလည်း သရုပ်ဖော်ပါတယ်။ TTS-STT အပြန်အလှန်သဘောဟာ Gematria ( သင်္ချာစဥ် ) လေးမျိူးထဲက Reverse Gematria လို့ခေါ်ပါတယ်။ အက္ခရာကို ပြောင်းပြန်နည်းနဲ့တန်ဖိုးပြောင်းယူတာပါ။ Esoteric Knowledge လို့ခေါ်ပါတယ်။ Kabbalah ရဲ့ Hidden Knowledge တခုလည်းဖြစ်ပါတယ်။
Scythe သင်္ကေတ
================
အပေါ်ဆုံး TTS စာလုံးရဲ့ ဘယ်ဘက်က ကွေးကွေးကောက်ကောက် သင်္ကေတလေးဟာ Logo အဖြစ်ဖန်တီးထားတဲ့ Scythe ပုံဖြစ်ပါတယ်။ Scythe လို့ပြောလိုက်တာနဲ့ Grim Reaper ကြီးရဲ့ဝရဇိန်လို့ ပြေးမြင်နိုင်ပါတယ်။ တကယ်တော့ ဒီအရာမှာ အဓိပ္ပါယ်အမျိုးမျိုးပါဝင်နေပါတယ်။ အဆုံးသပ်ခြင်း၊ ပြောင်းလဲခြင်း၊ ရိတ်သိမ်းခြင်း ပြန်လည်စတင်ခြင်း၊ စွမ်းအားကိုထိန်းချုပ်ခြင်း ( Power and Control ) စတဲ့ အဓိပ္ပါယ်တွေပါ။ Spiritual Harvest လို့ လူသိများပါတယ်။ ဒီမှာကျနော်က Hermeticism ကို အခြေခံပြီး မျဥ်းကွေး ( Curved Line ) အရှည်နဲ့ အတိုကို ဆက်ထားပါတယ်။ ဆက်တယ်ဆိုပေမယ့် တကယ်က ခြားနားချက်ထားပေးထားပါတယ်။ ဒါကို Labyrinth စနစ်လို့ခေါ်ပြီး Spiral သဘာဝ ( အဆင့်လိုက်တိုးတက်ခြင်း ) ကို ကိုယ်စားပြုပါတယ်။ Higher Dimension လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီသင်္ကေတဟာ အချိန်နဲ့ ပြောင်းလဲမှု ( Time and Transformation ) ရဲ့အဓိပ္ပါယ်ဖြစ်လာပါတယ်။
ဂြိုဟ်သွားလာခြင်း
=================
Scythe သင်္ကေတ ရဲ့ ဘေးမှာ စက်ဝိုင်းငယ်လေးနဲ့အတူ မျဥ်းကွေးတစ်ခုကို မြင်တွေ့ရမယ်ထင်ပါတယ်။ ဒါက ဂြိုဟ်သွားလာတဲ့ သဘာဝဖြစ်စဥ် သင်္ကေတတစ်ခုဖြစ်ပါတယ်။ အပြင်ဘက်က စက်ဝိုင်းကြီးဟာ စကြဝဠာကြီးဆိုရင် အဲ့ဒီထဲမှာဂြိုဟ်တွေရှိရမှာပေါ့။ ပြီးတော့ ဂြိုဟ်တွေဟာ အငြိမ်မနေပဲ သွားလာနေရတော့မှာပေါ့... ဒါကို Logo အဖြစ် ဂြိုဟ်နဲ့အတူ အဲ့ဒီဂြိုဟ်ရဲ့ သွားလာမှုလမ်းကြောင်းဖြစ်တဲ့ မျဥ်းကွေးတွေနဲ့ပါ ချိတ်ဆက်လိုက်ရတာဖြစ်ပါတယ်။ Occult Symbolism မှာတော့ အဖို ( သုတ်ပိုး ) နဲ့ အမ ( မျိုးဥ ) တို့ရဲ့ ပေါင်းစပ်မှုတစ်ခုဖြစ်ပါတယ်။ ရှင်သန်မှု၊ ပွားစီးမှု၊ သဘာဝအတိုင်း ရွေ့လျားနေမှုတွေကို ကိုယ်စားပြုပါတယ်။
ယင်နဲ့ယန်သဘာဝ
=================
Scythe သင်္ကေတနဲ့ ဂြိုဟ်သွားသင်္ကေတနှစ်ခုပေါင်းဟာ အခြားတဖက်မှာလည်း ဆန့်ကျက်ဘက်သဘောနဲ့တည်ရှိနေပါတယ်။ ဒါဟာ ယင်နဲ့ယန်သဘာဝကို ဖော်ကျူးပါတယ်။ မတူညီတဲ့အရာတွေက အပြန်အလှန်အထောက်အကူပြုနေကြောင်းကို ဖော်ပြတဲ့သဘောဖြစ်ပါတယ်။ တနည်းအားဖြင့် Microcosm နဲ့ Macrocosm ဖြစ်ပါတယ်။
ဒုတိယစည်း
============
အခု Logo ရဲ့ အလယ်ဗဟိုက သင်္ကေတတွေကိုဆက်လေ့လာပါမယ်။ အတွင်းဘက်ရဲ့ အပြင်ကစက်ဝိုင်းကို ဒုတိယစည်းလို့ခေါ်ပါတယ်။ အတွင်းမသိစိတ်ကို ကာကွယ်ခြင်း၊ အတွင်းဥာဏ်ကို ရင့်သန်စေလိုခြင်း၊ စဥ်ဆက်မပြတ် ဖြစ်တည်လိုခြင်းရဲ့ သင်္ကေတပါ။
ရှစ်ထောင့်စက်ဝိုင်း
=================
ဒုတိယစည်းဖြစ်တဲ့ စက်ဝိုင်းရဲ့အတွင်းဘက်မှာ ရှစ်ထောင့်ကြယ်ကို စက်ဝိုင်းနဲ့ပေါင်းစပ်ထားတဲ့ ရှစ်ထောင့်စက်ဝိုင်းတစ်ခုပါဝင်ပါတယ်။ Mysticism အယူအဆအရ အနန္တဥာဏ်ပညာ၊ ဒါမှမဟုတ် စွမ်းအင်တွေကို စုစည်းဖို့နဲ့ ထိန်းချုပ်နိုင်ဖို့ စကြဝဠာနဲ့ ချိတ်ဆက်တဲ့ပညာလို့ သုံးနှုန်းပါတယ်။
တတိယစည်း
============
ရှစ်ထောင့်ကြယ်စက်ဝိုင်းအောက်မှာ သီးခြားစက်ဝိုင်းတစ်ခုပါဝင်ပါတယ်။ ဒါကို တတိယစည်းလို့ခေါ်ပါတယ်။ Esoteric အယူအဆအရ အတွင်းဗဟိုဓာတ်ကို ကိုယ်စားပြုပါတယ်။ သိစိတ်၊ မသိစိတ်ပြီးတဲ့အခါ အလင်းစိတ်လာပါတယ်။ အခု တတိယစည်းက အလင်းစိတ်၊ ဒါမှမဟုတ် လွတ်မြောက်သွားတဲ့ဥာဏ်စဥ်ကို ကိုယ်စားပြုပါတယ်။ Threefold Transformation of Self ရဲ့အနှစ်သာရလည်းဖြစ်ပါတယ်။ Connection to Divine Realm ကို ဆိုလိုတာပါ။
ခြောက်ထောင့်ကြယ်စက်ဝိုင်း
==========================
တတိယစည်းအောက်မှာ ခြောက်ထောင့်ကြယ်ကို စက်ဝိုင်းတစ်ခုနဲ့ချိတ်ဆက်ထားပါတယ်။ အဲ့ဒါကို ဒေးဗစ်စတား ( (David's Star ) လို့ လူသိများပါတယ်။ Star Hexagram တစ်ခုဖြစ်ပါတယ်။ တြိဂံနှစ်ခုကို ပြောင်းပြန်ချိတ်ဆက်တဲ့အခါ ဒီကြယ်ကိုဖြစ်ပေါ်စေပြီး ကောင်းကင်နဲ့မြေကြီး၊ ရုပ်နဲ့ ဝိညာဥ်၊ ဖိုနဲ့မ ချိတ်ဆက်မှုတွေကိုဖော်ပြပြီး ဥာဏ်ပညာအတွက် လမ်းညွှန်မှုတစ်ခုဖြစ်ပါတယ်။ As above, so below အယူအဆနဲ့လည်း ဆက်နွယ်ပါတယ်။ Hermetic အတွေးအခေါ်အရ စကြဝဠာရဲ့ဟန်ချက်ညီမှုဖြစ်ပြီး ဖြစ်စဥ်တစ်ခုရဲ့ဖြစ်ရပ်ဟာ တခြားတဖက်မှာလည်း ထင်ဟပ်နေတယ်ဆိုတဲ့ သဘောမျိုးပါ။
အဖြူနဲ့အမည်းအစက်များ
========================
ကြယ်ရဲ့ အထက်ထောင့်မှာ အဖြူရောင်အစက်တစ်ခုရှိပြီး အောက်ထောင့်မှာ အမည်းရောင်အစက်တည်ရှိပါတယ်။ ယင်နဲ့ယန်၊ အလင်းနဲ့အမှောင်၊ ကောင်းကင်နဲ့မြေကြီး၊ နေနဲ့လ စသဖြင့် သဘာဝတွေကို ဖော်ပြပါတယ်။ Mysticism အရ ဒါကို စတင်ခြင်း၊ အစပြုခြင်းလို့ခေါ်ပါတယ်။ အရာအားလုံးရဲ့ ဖြစ်တည်ရာ အစပါ။
အလင်းမျက်စိ (All-Seeing Eye)
============================
ဒီမျက်စိကတော့ အမည်အမျိုးမျိုးရှိနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ အဓိပ္ပါယ်ကလည်း အမျိုးမျိုးဖြစ်နေလို့ပါ။ All-Seeing Eye ဆိုတာ အရာအားလုံးကိုမြင်နိုင်တဲ့မျက်လုံးလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကိုပဲ Third Eye ( တတိယမျက်လုံး ) လို့ဆိုနိုင်ပါတယ်။ The Eye of Providence ( ဘုရားသခင်မျက်လုံး ) ဒါမှမဟုတ် ထာဝရမျက်လုံး၊ ပြီးပြည့်စုံသောမျက်လုံးလို့ လည်းခေါ်ကြပါတယ်။ မြန်မာနဲ့နီးစပ်အောင်ပြောရရင် ဥာဏ်မျက်စိကိုပြောတာပါ။ ကျနော်ကတော့ မျက်စိအတွင်းက အစက်နဲ့စက်ဝိုင်းဟာ နေမင်းရဲ့တံဆိပ်အဖြစ်ယူဆပြီး အလင်းမျက်စိလို့ပဲ အလွယ်နာမည်ပေးလိုက်ပါတယ်။
Metaphysical အရ ရုပ်ကိုကျော်လွန်သွားတဲ့အမြင်မျိုးလို့ နားလည်နိုင်ပါတယ်။
Glow Effect (အနီရောင်နှင့်အပြာရောင် အလင်းထွန်းမှု)
==============================================
အလယ်ဗဟိုရဲ့အလင်းသဘာဝကို အနီနဲ့အပြာ ( မီးနဲ့ရေ ) ပေါင်းစပ်ထားတဲ့ Glow Effect သုံးထားပါတယ်။ ဒါက စွမ်းအင် ( Energy ) နဲ့ ဥာဏ်ပညာ ( Wisdom ) ပေါင်းစပ်မှုအဓိပ္ပါယ်ဖြစ်ပါတယ်။ Elemental Duality ကို ကိုယ်စားပြုတာပါ။
မီးဓာတ်က Creation နဲ့ Destruction ကို ကိုယ်စားပြုပြီး
ရေက Mysticism နဲ့ Knowledge ကို ကိုယ်စားပြုပါတယ်။
ဒါတွေက ကျနော့် Logo မှာသုံးထားတဲ့ အရာတွေအကြောင်းကို ဗဟုသုတရလောက်ရုံ မကျဥ်းမကျယ်ရှင်းပြပေးလိုက်တာပါ။
0 Comments
Post a Comment